Connect with us

Videos

တရုတ်နိုင်ငံ၏ C919 ခရီးသည်တင်လေယာဉ်ကြီး ပထမဆုံးအကြိမ် ခရီးဝေး စမ်းသပ် ပျံသန်း

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ခရီးသည်တင် လေယာဉ်ကြီး C919 သည် နိုဝင်ဘာလ ၁၀ ရက် နေ့က ပထမဆုံးအကြိမ် ခရီးဝေး စမ်းသပ် မောင်းနှင်ခဲ့ကြောင်း သိရသည်။
ယန်လျန့် အခြေစိုက်စခန်းတွင် လေယာဉ်ကို စမ်းသပ်မှုများ ထပ်မံ ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ လေယာဉ်အား ၂၀၁၆ ခုနှစ် မေလ ၅ ရက်က ပွဲဦးထွက် စမ်းသပ် ပျံသန်းခဲ့ပြီး ဒုတိယ အကြိမ်မြောက် ပျံသန်းမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်အား ထုတ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် အမေရိကန်၊ ဥရောပနှင့် ရုရှားပြီးလျှင် စတုတ္ထမြောက် အကြီးစား ခရီးသည်တင် လေယာဉ် ထုတ်လုပ်သူ ဖြစ်လာခဲ့သလို ရှန်ဟိုင်း အခြေစိုက် C919 ထုတ်လုပ်သူ ဖြစ်သော Commercial Aircraft Corporation of China- COMAC) အတွက် သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.