Connect with us

Videos

China International Big Data Industry Expo 2019 ကျင်းပလျက်ရှိ

ကွေ့ကျိုး၊ မေ ၂၈ ရက်(ဆင်ဟွာ)

China International Big Data Industry Expo 2019 ကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့၌ မေလ ၂၆ ရက် မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည်။ ပြပွဲတွင် မျက်နှာမှတ်နည်းပညာများ၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများအတွက် Big Data၊ 5G နည်းပညာဆိုင်ရာ စတူဒီယိုများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများကို 5G ကွန်ရက်နည်းပညာဖြင့် ထိန်းချုပ်မောင်းနှင်ခြင်း၊ နာမည်ကျော် စွန်းဝူခုန်း သဏ္ဍာန်စက်ရုပ်များ၊ 3D နည်းပညာဖြင့် ပုံထုတ်နိုင်သည့်စက်ရုပ်များ၊ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်နိုင်သည့် နေရာများပါဝင်သည်။ အဆိုပါပွဲသို့ နိုင်ငံနှင့်ဒေသပေါင်း ၅၉ ခုမှ လုပ်ငန်းပေါင်း ၄၄၈ ခု လာရောက်ပြသခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.