Connect with us

Videos

တရုတ်နိုင်ငံတွင် COVID-19 ထိန်းချုပ်မှုများကြားမှ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲများ ကျင်းပ

 

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု မှေးမှိန်လာသည့်ကြားမှ အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲကို ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ယင်းစာမေးပွဲသည် တရုတ်နိုင်ငံ ကျောင်းသားများအတွက် အရေးပါသည့် စာမေးပွဲတစ်ခုဖြစ်သလို တရုတ်နိုင်ငံ၌ COVID-19 ဖြစ်ပွားစဉ်မှစ၍ အကြီးမားဆုံး စုစည်းကျင်းပသည့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။တရုတ်နိုင်ငံတွင် ဇူလိုင် ၇ ရက်မှ စတင်ကျင်းပသည့် ယခုနှစ်စာမေးပွဲကို ကျောင်းသား စုစုပေါင်း ၁၀.၇၁ သန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၄၀၀,၀၀၀ ကျော် မြင့်တက်လာခဲ့သည်။ စာမေးပွဲဖြေဆိုမည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းများ၊ ခုံနေရာတစ်ခုနှင့် တစ်ခုခြားထားခြင်းများ ဆောင်ရွက်ထားသလို စာမေးပွဲလာရောက်ဖြေဆိုသူများကိုလည်း ကိုယ်အပူချိန်စစ်ဆေးခြင်းများ၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး မှတ်သားပေးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။တရုတ်နိုင်ငံ ပေကျင်းမြို့၊ ဝူဟန့်မြို့၊ တိဘက်ဒေသ၊ ဟိုင်နန်ပြည်နယ်၊ ဟဲပေပြည်နယ်တို့၌ စာမေးပွဲအတွက် ကျင်းပပြုလုပ်သည့် မြင်ကွင်းများကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.