Connect with us

Videos

COVID-19 ကူးစက်ခံရသူများတွင်  ဦးနှောက် အာရုံကြောထိခိုက်မှုရှိနိုင်ကြောင်းလေ့လာမှုတစ်ခုက သတိပေး

ဗြိတိန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ လေ့လာမှုအသစ်တစ်ခုအရ COVID-19 ကူးစက်ခံရသူများတွင်  ဦးနှောက် အာရုံကြောထိခိုက်မှု ဖြစ်ပွားစေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ လန်ဒန် ကောလိပ် တက္ကသိုလ်မှ ကျွမ်းကျင်သူများက COVID-19 ကူးစက်ခံရပါက လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း နှင့် ဦးနှောက်ယောင်ယမ်းခြင်းအစရှိသည့် လက္ခဏာများဖြစ်ပေါနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ကြသည်။ ထိုရောဂါများမှာ ကူးစက်ခံရသူထံတွင် ပြင်းထန်သည့် အဆုတ်နှင့်ပတ်သက်သည့်လက္ခဏာများမပြသည့်အချိန်၌ ဖြစ်ပွားမှု မြင့်တက်နိုင်ကြောင်း CNN က ထုတ်ပြန်သည့်သတင်းတွင်ဖော်ပြထားသည်။ 

COVID-19 ဖြစ်ပွားစေသည့်ဗိုင်းရပ်စ်ကို လူနာ၏ ဦးနှောက်အရည်ထဲတွင် မတွေ့နိုင်သောကြောင့်  ဗိုင်းရပ်စ်သည် ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ခြင်းမဟုတ်ဟုဆိုသည်။ နောက်ထပ်သီအိုရီတစ်ခုအရ အဆိုပါ ဦးနှောက်ထိခိုက်နိုင်မှု လက္ခဏာများသည် ဗိုင်းရပ်စ် ကိုယ်တိုင် မဟုတ်ဘဲ လူနာ၏ ခုခံအားတိုက်ထုတ်မှုပေါ်တွင်သွယ်ဝိုက်စွာ သက်ရောက်မှုဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ သုတေသီများက COVID-19 ကပ်ရောဂါနှင့် သက်ဆိုင်သည့် ဖြစ်နိုင်ခြေရှိသည့် နာတာရှည် ဦးနှောက် အာရုံကြောထိခိုက်မှုအကျိုးဆက်ကိုနားလည်နိုင်ရန် လေ့လာမှုများထပ်မံပြုလုပ်ရဦးမည်ဖြစ်ကြောင်းဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.