Connect with us

Videos

အေးခဲနေသည့် ရာသီဥတု၌ပင် တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရကြီးတွင် ‌ရထားလမ်းဖောက်လုပ်

ရှင်းကျန်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရ ကြီးတစ်ခုဖြစ်သည့် Taklimakan သဲကန္တာရတွင် တည်ဆောက်နေသည့် Hotan-Ruoqiang ရထားလမ်းတွင် အေးခဲနေသည့် ရာသီဥတု၌ပင် ရထားသံလမ်းထုတ်စက်ဖြင့် ရထားသံလမ်းများစီတန်းချထားခြင်းအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Taklimakan သဲကန္တာရတွင် အပူချိန်သည် (-20 C’) အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်အောက် ကျရောက်သည် အထိ အအေးပိုခဲ့သည်။အရှည် ၈၂၅ ကီလိုမီတာရှိသည့် အဆိုပါ ရထားလမ်းကြီးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ တောင်ပိုင်းဒေသကို ဖြတ်သန်းဖောက်လုပ်မည်ဖြစ်သည်။ရထားလမ်းဖောက်လုပ်ခြင်းကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ရထားလမ်းကို အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး တစ်နာရီလျှင် ၁၂၀ ကီလိုမီတာမြန်နှုန်းဖြင့်ရထားများ ပြေးဆွဲနိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.