Connect with us

Videos

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ပင်လယ်ထဲသို့ တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်

ဆိုးလ်၊ မတ် ၄ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် မြောက်များစွာသော တာတိုပစ်ဒုံးကျည်များအား ၎င်း၏ အရှေ့ ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ (ROK) ၏ ကာကွယ်ရေးဝန်ကြီးဌာန က မတ်လ ၃ရက်နေ့တွင်ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယားနိုင်ငံ (DPRK) စစ်တပ်သည် ဒေသစံတော်ချိန် ၁၀နာရီ ခန့်၌ တာတိုပစ်ဒုံးကျည် မြောက်များစွာကို Wonsan ဧရိယာမှ အရှေ့ပင်ဘယ် ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက DPRK မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များသည် တာတိုပစ် ဒုံးကျည်များ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်မှ အဆိုပါ ပစ်လွှတ်မှုကို လေ့လာ ဆန်းစစ်နေကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.