Connect with us

Videos

JMC-U (၁၁) ကြိမ်မြောက်အစည်းအဝေး၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U )၏ (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ ကိုလည်းဆွေးနွေး မည်ဖြစ်ကြောင်း ယင်းအစည်းအဝေးထံမှ သိရသည်။

အဆိုပါ အစည်းအဝေးကို ဇူလိုင်လ ၃ရက်နေ့မှ ၅ရက်နေ့ထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ အခြေအနေ၊ စောင့်ကြည့်ရေးနှင့် စိစစ်အတည်ပြုရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းများတွင် ဒေသခံ အရပ်သားများ ပါဝင်ခွင့် ရရှိရေး၊ လုပ်ထုံးလုပ်နည်း ပြုစုရေးဆွဲရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ (၁၁) ကြိမ်မြောက် အစည်းအဝေးနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို လာမည့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် တွင် NRPC ရုံး၌ ကျင်းပမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.