Connect with us

Videos

Lego တုံးပေါင်း တစ်သန်းခွဲအသုံးပြုကာ ရှန်းယန်မြို့ပုံစံငယ်ဖန်တီး

ရှန်းယန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှန်းယန်မြို့တွင် lego ပလတ်စတစ်တုံးလေးများဖြင့်ရှန်းယန်မြို့၏ အထင်ကရ နေရာများဖြစ်သည့် နန်းတော်၊ ဘူတာရုံစသည်များအပါအဝင် အဆောက်အဦများကို လက်ရာမြောက်စွာဖန်တီးပုံဖော်ထားသည်။ အလေးချိန် ၂၄၂၅ ပေါင် ရှိသည့် ရှန်းယန်မြို့ပုံစံငယ် ကို ကမ္ဘာတစ်ဝန်းရှိ lego တုံးများဖြင့်အဆောက်အဦများကို ကျွမ်းကျင်စွာဆောက်လုပ်နိုင်သူ ၁၁ ဦး၊ ဗိသုကာပညာရှင် ၄၆ ဦးနှင့် ရုပ်ပြဖန်တီးသူ၁၂ ဦးတို့ပူးပေါင်းကာ နာရီပေါင်း တစ်သောင်းအတွင်း ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ မြို့ပြပုံစံငယ်တစ်ခုလုံးအတွက် lego အတုံးပေါင်း တစ်သန်းခွဲ ကိုအသုံးပြုခဲ့ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.