Connect with us

Videos

Xinhuamyanmar ၏ တရားဝင် Tiktok ပလက်ဖောင်းအား တုပဖော်ပြနေမှုကို ကန့်ကွက်

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

Xinhua News Agency(Yangon Bureau)၏ Tiktok ပလက်ဖောင်း Xinhuamyanmar မှ သတင်းဗီဒီယိုများအား တရားဝင် ခွင့်ပြုအကြောင်းကြားခြင်း မရှိဘဲ ပုံစံတူ အတုအယောင် ရယူဖော်ပြနေသည့် XIN HUA Myanmar အကောင့်တစ်ခုကို စိစစ်တွေ့ရှိရကြောင်း ဆင်ဟွာစာဖတ်ပရိသတ်များကို အသိပေးလိုပါသည်။Xinhuamyanmar ၏ ပုံသဏ္ဍန်တူ အတုအယောင် Tiktok ပလက်ဖောင်းသည် ယခုနှစ် မတ်လပိုင်းမှ စတင်ကာ ဆင်ဟွာသတင်းရုပ်သံဗီဒီယို/စာသားများအား ခွင့်ပြုထားခြင်း မရှိဘဲ ရုပ်သံအရေအတွက် အများအပြား ကူးယူဖော်ပြနေပါသည်။
ထိုကဲ့သို့ အသိပေးအကြောင်းကြားခြင်း မရှိဘဲ တရားမဝင် ရယူဖော်ပြနေခြင်းကို Xinhua News Agency(Yangon Bureau) အနေဖြင့် ကန့်ကွက်ကြောင်း နှင့် တရားဝင်ခွင့်ပြုချက် ရယူခြင်း မရှိဘဲ Xinhuamyanmar ၏ Tiktok ပလက်ဖောင်း ပုံသဏ္ဍန်တူ အတုအယောင် ဖော်ပြနေခြင်းအား ချက်ချင်း ရပ်တန့်ရန် သတိပေးလိုပါသည်။
Xinhuamyanmar ၏ Tiktok ပလက်ဖောင်းအား ၂၀၂၀ ပြည့်နှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး စိတ်ဝင်စားဖွယ် ကောင်းသော နယ်ပယ် ကဏ္ဍစုံ ဆင်ဟွာသတင်းများအား မြန်မာဘာသာဖြင့် ဖော်ပြလျက် ရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.