Connect with us

Videos

မြန်မာနိုင်ငံ၌ ရေကြီး၊ မြေပြိုမှုများကြောင့် လူပေါင်း ၄၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့ထားဟုဆို

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာသို့ ဩဂုတ် ၁၁ ရက်တွင် ပြောသည်။ယခု မိုးလယ်ကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုတ်သုံရာသီအတွင်း ရေကြီးရေလျှံသည့် သဘာဝဘေးကိုခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့နယ်နှင့် ပဲခူးမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်တို့ရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

မိုးလေဝသဌာနက သြဂုတ် ၁၀ ရက်မှ ၂၀ ရက် အထိ ခန့်မှန်းချက်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အပါအဝင်မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးတွင် မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)