Connect with us

Videos

MMA ကမ္ဘာ့ချန်ပီယံ အဖြစ် မြန်မာ့ စပါးကြီးမြွေ အောင်လ အန်ဆန်း ယှဉ်ပြိုင် အနိုင်ရရှိ

ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးကြီးမြွေ အောင်လအန်ဆန်းသည်MMA ခေါ် ONE Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ချ် အား ဇွန် ၃၀ ရက်တွင် ပွဲချိန်ပြည့် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။

ONE:LIGHT OF A NATION ပြိုင်ပွဲ၏ အဓိက ပွဲစဉ် အဖြစ် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲစဉ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လ အန်ဆန်း နှင့် ရုရှား နိုင်ငံ ကိုယ်စားပြု ဗစ်တာလီ ဘစ်ဒက်ချ်တို့ ယှဉ်ပြိုင်ရာတွင် ပွဲချီ ၅ ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် တစ်လျှောက် အောင်လအန်ဆန်းသည် ပြိုင်ဘက်အားထိရောက်သော လက်သီးချက်များဖြင့်အဓိကအသာစီးရယူ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကာ ပွဲချိန်ပြည့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒိုင်များ၏ အမှတ်ပေး ဆုံးဖြတ်ချက်ဖြင့် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ် အနိုင်ရရှိခဲ့သည်။

မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့သူအောင်လ အန်ဆန်က အားလုံးကို ကျေးဇူး တင်ရှိကြောင်း ၊ အားလုံး အားပေးမှုကြောင့် ကမ္ဘာ့ ချန်ပီယံ တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ၏ အိပ်မက်သည် မြန်မာပြည်မှာ တစ်နေ့တွင် ကမ္ဘာ့ ချန်ပီယံ တစ်ယောက် ရှိအောင် ဖြစ်ကြောင်း ၊ ကြိုးစားပြီး စုပေါင်း ညီညွတ်ပြီး လုပ်ပါက ဘာမဆို ဖြစ်နိုင်ကြောင်း သတင်းမီဒီယာများ နှင့် ပွဲအပြီး တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်းသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို တစ်ကျော့ပြန် ပြန်လည် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ် က အင်ဒိုနီးရှား နိုင်ငံ၌ ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် နှင့် မြန်မာနိုင်ငံ၌ ပြန်လည် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် ONE:LIGHT OF A NATION ပြိုင်ပွဲတွင် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲစဉ် အပါအဝင် တွဲဆိုင်း ၉ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ စတုတ္ထ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.