Connect with us

Videos

တူရကီနိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လူ ၄၁ ဦးသေဆုံးခဲ့ကြောင်း တူရကီသမ္မတ ပြောကြား

အန်ကာရာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က နိုင်ငံ မြောက်ပိုင်းရှိ မြေအောက်ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၄၁ ဦးထိ ရှိလာခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ယင်းပေါက်ကွဲမှုသည် Bartin ပြည်နယ်ရှိ Amasra Hard ကျောက်မီးသွေးလုပ်ငန်း၌ အောက်တိုဘာ ၁၄ ရက် ဒေသစံတော်ချိန် ၆ နာရီ ၁၅ မိနစ် တွင် မြေအောက်အနက် မီတာ ၃၀၀ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၁၁၀ ဦး ပိတ်မိနေခဲ့ကြောင်း သိရသည်။

ပိတ်မိနေသော အလုပ်သမားများအနက် ၅၈ ဦးမှာ နောက်ပိုင်းတွင် ၎င်းတို့ကိုယ်တိုင်ပြင်ပသို့ ထွက်လာနိုင်ခဲ့ကြောင်း နှင့် ၁၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ၌ကုသမှု ခံယူခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
တူရကီနိုင်ငံ သမ္မတက အခင်းဖြစ်ပွားသည့် Amasra မြို့သို့ ရောက်ရှိလာခဲ့ပြီး ကျောက်မီးသွေးတွင်းမတော်တဆမှုများသမိုင်းကို အဆုံးသတ်စေရန် အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်း နှင့် မည်သူ့တွင် တာဝန်ရှိသည်ကို ဖော်ထုတ်ရန် အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး တာဝန်ရှိသူများက ဖြစ်စဉ်အား စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။
စွမ်းအင် နှင့် သယံဇာတ ဝန်ကြီး Fatih Donmez က ကနဦးရှာဖွေတွေ့ရှိချက်များအရ ယင်းပေါက်ကွဲမှုသည် ကျောက်မီးသွေးတွင်းများရှိ မီးလောင်လွယ်သော ဓာတ်ငွေ့ကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံအနောက်ပိုင်း Manisa ပြည်နယ် Soma မြို့ရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ ဖြစ်ပွားခဲ့သော မီးလောင်မှုသည် တူရကီနိုင်ငံ၏ အဆိုးရွားဆုံး မိုင်းတွင်းဘေးအန္တရာယ် ဖြစ်ခဲ့ပြီး လူပေါင်း ၃၀၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
#Türkiye #Coalmine #Blast #တူရကီနိုင်ငံ #ကျောက်မီးသွေးတွင်း #ပေါက်ကွဲမှု #foryou #news #xinhua #xinhuamyanmar

Coal mine blast kills 41 in N. Türkiye: Turkish president
Turkish President Recep Tayyip Erdogan said Saturday that the death toll in an underground coal mine explosion in northern Türkiye rose to 41.
The explosion occurred 300 meters below ground at 6:15 p.m. local time (1515 GMT) a day earlier at the Amasra Hard Coal Enterprise in the Bartin province, trapping 110 workers.
According to the local officials, 58 of the trapped workers later managed to get out on their own, and 11 others were injured and hospitalized.
Arriving at the scene in the town of Amasra, Erdogan vowed to “exert our best effort” to put the history of mining accidents to an end.
He told reporters that administrative and judicial authorities will investigate the incident to reveal what caused the explosion and who, if anyone, is responsible.
Energy and Natural Resources Minister Fatih Donmez said preliminary findings indicated that the blast was likely caused by firedamp.
In 2014, as many as 301 people died in Türkiye’s worst mine disaster in a fire inside a coal mine in Soma town of western Manisa province.
Xinhua News Agency correspondents reporting from Ankara.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.