Connect with us

Videos

မလေးရှားနိုင်ငံ၏ ဒီဇင်ဘာလအတွင်း စားအုန်းဆီသိုလှောင်မှုမှာ ယမန်လက ထက် ကျဆင်း

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံသည် လွန်ခဲ့သော ဒီဇင်ဘာလက စားအုန်းဆီသိုလှောင်မှုများ လျော့နည်းခဲ့ကြောင်း ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။Malaysian Palm Oil Board အဆိုအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၌ မလေးရှားနိုင်ငံ၏ စားအုန်းဆီ သိုလှောင်ထားရှိမှုများမှာ ယခင်တစ်လကထက် ၄.၀၉ ရာခိုင်နှုန်း၊ တန်ချိန် ၂.၁၉ သန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံအတွင်း စာအုန်းဆီကုန်ကြမ်းထုတ်လုပ်မှုမှာလည်း ယခင်တစ်လကထက် ၃.၆၈ ရာခိုင်နှုန်း၊ တန်ချိန် ၁.၆၂ သန်း လျော့ကျခဲ့သည်။တစ်ချိန်တည်းတွင်ပင် စားအုန်းဆီတင်ပို့မှုများမှာလည်း ယခင်တစ်လကထက်၃.၄၈ ရာခိုင်နှုန်း၊ တန်ချိန် ၁.၄၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။သို့ရာတွင် စားအုန်းဆီတင်သွင်းမှုများမှာမူ ယခင်တစ်လကထက် ၀.၁၄ ရာခိုင်နှုန်း၊ ၄၇,၁၁၄ တန် မြင့်တက်လာကြောင်း သိရသည်။ (Xinhua)

……………………………………..
Malaysia’s palm oil stocks fall 4.09 pct month on month in December
Malaysia, the world’s second-largest palm oil producer, reported lower palm oil stocks last December, official data showed Tuesday.

According to the Malaysian Palm Oil Board, Malaysia’s palm oil stocks fell 4.09 percent to 2.19 million tonnes in December 2022 from a month earlier.
Meanwhile, crude palm oil production in the country slipped 3.68 percent month on month to 1.62 million tonnes.

Palm oil exports, on the other hand, dropped by 3.48 percent month on month to 1.47 million tonnes.
Palm oil imports, however, grew 0.14 percent month on month to 47,114 tonnes.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.