Connect with us

Videos

တရုတ်နိုင်ငံထုတ် စွမ်းအင်သစ်အသုံးပြုဘတ်စ်ကားများ ပြည်ပဈေးကွက်များသို့ အများအပြား ဝင်ရောက်

ရှမန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းဘတ်စ်ကားထုတ်လုပ်သူ Golden Dragon က နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့မှ နော်ဝေး နှင့် ဒိန်းမတ်နိုင်ငံများသို့ စွမ်းအင်သစ်အသုံးပြုဘတ်စ်ကား ၉၄ စီး တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။Xiamen Golden Dragon Bus ကုမ္ပဏီက ၎င်းတို့၏ ယခုနှစ် အဓိကရည်မှန်းချက်မှာ ဥရောပဈေးကွက်ကို ပိုမိုထိုးဖောက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဥရောပဈေးကွက်ကို ထိုးဖောက်ဖို့က ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပေမဲ့ ဒါက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို ဝင်ရောက်ဖို့ ကျွန်တော်တို့အတွက် လိုအပ်တဲ့လမ်းကြောင်းလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဥရောပဈေးကွက်အတွက် ဘတ်စ်ကားတွေ ထုတ်လုပ်တာကနေ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ အရည်အသွေး တိုးတက်နိုင်ပါတယ်။ ဥရောပဈေးကွက်မှာ ဘတ်စ်ကား လိုအပ်ချက်က ကြီးမားပါတယ်။ အထူးသဖြင့် လျှပ်စစ်စွမ်းအင်သီးသန့်သုံး ဘတ်စ်ကားတွေပါပဲ”ဟု Golden Dragon ၏ ပြည်ပအရောင်းမန်နေဂျာ AN MIN က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ၏ ဥရောပဈေးကွက်သို့ စွမ်းအင်သစ်အသုံးပြုဘတ်စ်ကား တင်ပို့မှုပမာဏမှာ ယူရို ၄၂ သန်း(အမေရိကန်ဒေါ်လာ ၄၄.၇ သန်း) ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကထက် နှစ်ဆ များပြားခဲ့ကြောင်း သိရသည်။

Golden Dragon ကုမ္ပဏီနှင့်အလားတူ တရုတ်မော်တော်ကားထုတ်လုပ်သူများစွာသည် ပြည်ပဈေးကွက်များကို ရှာဖွေရာတွင် ၎င်းတို့၏ အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်လျက် ရှိနေကြသည်။ တရုတ်နိုင်ငံမော်တော်ယာဉ် ထုတ်လုပ်သူများအသင်းထံမှ အချက်အလက်များအရ စွမ်းအင်သစ်မော်တော်ယာဉ် တင်ပို့မှုများသည် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၆၇၉,၀၀၀ စီးအထိ နှစ်အလိုက် ၁.၂ ဆ တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
GLOBALink | Made-in-China new energy buses race towards overseas markets

China’s leading bus maker Golden Dragon will ship 94 new energy buses from Xiamen in east China’s Fujian Province to Norway and Denmark.

The Xiamen Golden Dragon Bus Co., Ltd. says its main focus this year is to further tap the European market.

SOUNDBITE 1 (Chinese): AN MIN, Manager of Golden Dragon’s overseas sales
“Tapping the European market is a challenge for us, but it is also the necessary path for us to enter the global market. At the same time, by manufacturing buses for the European market, we can improve our technology and quality. The demand for buses in the European market is huge, especially for pure electric buses.”

In 2022, the company’s export value of new energy buses to the European market reached 42 million euros (44.7 million U.S. dollars), twice as much as that in 2020.
Similar to Golden Dragon, many Chinese automakers are accelerating their pace in exploring more overseas markets. Data from the China Association of Automobile Manufacturers shows that exports of new energy vehicles increased 1.2 times year on year to 679,000 units in 2022.
Xinhua News Agency correspondents reporting from Xiamen, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.