Connect with us

Videos

တောင်ကိုရီးယားနိုင်ငံသားများက ဂျပန်နိုင်ငံ၏ ဖူကူရှီးမားနျူကလီးယားရေဆိုး စွန့်ထုတ်ခြင်းအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ဟစ်ကြွေး

ဆိုးလ် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်၌ မေ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံသား သောင်းနှင့်ချီ၍ စုရုံးခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တူကြွ ရေဆိုးများ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း သိရသည်။“ဂျပန်နိုင်ငံရဲ့ နျူကလီးယား ညစ်ညမ်းရေတွေ သမုဒ္ဒရာထဲကို စွန့်ထုတ်တာကို ရပ်တန့်ပါ။ဖူကူရှီးမားကနေ စွန့်ထုတ်တာကို ဆန့်ကျင်ပါတယ်။”ဟု ကန့်ကွက်ဆန္ဒပြသူများက လူထုစည်းဝေးပွဲတွင် ပူးပေါင်းပါဝင်ကြသည့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးသမားများနှင့်အတူ ညီညီညာညာ ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
————————
S. Koreans shout opposition to Japan’s discharge of Fukushima nuke wastewater
Tens of thousands of South Koreans gathered in central Seoul on Saturday to voice their opposition to Japan’s planned discharge of radioactive wastewater from its crippled Fukushima Daiichi nuclear power plant into the Pacific Ocean.
“Stop Japan’s dumping of nuclear contaminated water into ocean. Oppose the dumping from Fukushima,” protesters shouted in unison with civic activists and politicians joining the rally.
Xinhua News Agency correspondents reporting from Seoul.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.