Connect with us

Videos

တရုတ်တက္ကသိုလ် ဆိုက်ဘာတိုက်ခိုက်ခံရမှုများ နောက်ကွယ်တွင် အမေရိကန်လုံခြုံရေးအေဂျင်စီ ရှိနေဟု အစီရင်ခံစာ ဖော်ပြ

ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်တက္ကသိုလ်တစ်ခုအပေါ် ထောင်ပေါင်းများစွာသော ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ရှိကြောင်း ပြသရန် နောက်ထပ်အထောက်အထားများ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတစ်ရပ်အား တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။အစီရင်ခံစာအရ ယင်းတိုက်ခိုက်မှုများသည် NSA နှင့် ဆက်စပ်သော Tailored Access Operation (TAO) ရုံးမှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်များက ဥရောပ နှင့် အရှေ့တောင်အာရှနိုင်ငံ အများအပြားမှ နည်းပညာပံ့ပိုးမှုဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်သူ ၁၃ ဦး၏ အထောက်အထားအစစ်အမှန်အား တွေ့ရှိထားပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)
——————————

U.S. security agency behind cyber attacks on Chinese university: report
China has released an investigation report in which it said further evidence has been found to show the U.S. National Security Agency (NSA) is behind “thousands of cyber attacks” on a Chinese university.
According to the report, with technical support from a number of European and Southeast Asian countries, Chinese experts have found that those attacks originated from the NSA-affiliated Office of Tailored Access Operation (TAO).
The report said the true identities of 13 attackers have been found out.
Xinhua News Agency correspondents reporting from Beijing.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.