Connect with us

Videos

RCEP က ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုအတွက် တွန်းအားသစ်ဖြစ်စေကြောင်း တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ပြောကြား

စိန်ရန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) သဘောတူညီချက်က ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုအတွက် တွန်းအားသစ်ဖြည့်တင်းပေးလျက်ရှိကြောင်း တရုတ်နိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသည့် တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။Korea Trade-Investment Promotion Agency (KOTRA) တာ့လျန်ရုံးမှ ညွှန်ကြားရေးမှူးချုပ် Kim Samsoo က
“RCEP သဘောတူညီချက်ဟာ ကုန်စည်ဖလှယ်ရေးတစ်ခုတည်းကိုသာ မြှင့်တင်ပေးနိုင်တာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းပဲ မြှင့်တင်ပေးပါတယ်၊ ဘာလို့လဲဆိုတော့ RCEP သဘောတူညီချက်ကို နိုင်ငံအမြောက်အမြားက လက်မှတ်ရေးထိုးထားလို့ပါပဲ၊ တကယ်လို့ တောင်ကိုရီးယားက ကုမ္ပဏီတွေက တာ့လျန်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ဟာ RCEP နိုင်ငံတွေကနေ ကုန်ကြမ်းတွေကို တင်သွင်းနိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ထုတ်ကုန်တွေကို အခြား RCEP နိုင်ငံတွေကို တင်ပို့နိုင်မှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ နိုင်ငံတကာ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အသက်ဝင်လာမှာပါ၊ မကြာသေးခင်က RCEP မူဘောင်အောက်မှာ နိုင်ငံတကာ စီးပွားရေးခရိုင်တစ်ခုကို တာ့လျန် လွတ်လပ်သောကုန်သွယ်ရေးဇုန်မှာ ထူထောင်ခဲ့ပါတယ်၊ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီအမြောက်အမြားဟာ အဲဒီဒေသမှာ RCEP က တစ်ဆင့် ကမ္ဘာတစ်ဝန်း ရောင်းဝယ်ဖောက်ကားနိုင်ပြီဖြစ်ပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့ဟာ စက်တင်ဘာလ ၉ ရက်နေ့ကျရင် တာ့လျန်မှာ တောင်ကိုရီးယား ကုန်စည်ပြပွဲတစ်ခုကို ကျင်းပဖို့အစီအစဉ်ရှိပါတယ်။ ပြခန်းကတစ်ဆင့် ကျွန်တော်တို့ဟာ တောင်ကိုရီးယားနဲ့တရုတ်နိုင်ငံကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်” ဟုဆိုသည်။

လက်မှတ်ရေးထိုးထားသော နိုင်ငံများအကြား တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့လည်း ပါဝင်ပြီး ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သည့် RCEP သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် ပထမဆုံးနေ့တွင် စတင်အသက်ဝင်ခဲ့သည်။
အဆိုပါ သဘောတူစာချုပ်သည် လာမည့် နှစ် ၂၀ ကာလအတွင်း လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအကြား ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် စည်းကြပ်ခွန် ၉၀ ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဖြစ်ရာ ယင်းမှာ နယ်စပ်ကုန်သွယ်ရေးကို ကြီးမားစွာအကျိုးဖြစ်ထွန်းစေမည်ဟု သိရသည်။ (Xinhua)

#RegionalComprehensiveEconomicPartnership #RCEP #Framework #Agreement #DalianFreeTradeZone #SouthKorean #Businessperson #Shenyang #China #xinhua #xinhuamyanmar #ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး #မူဘောင် #သဘောတူညီချက် #တာ့လျန် #တရုတ် #ဆင်ဟွာ
……………………….
(English Version)

GLOBALink | RCEP injects new impetus to regional trade: S. Korean business person
SHENYANG, July 11 (Xinhua) –The Regional Comprehensive Economic Partnership (RCEP) agreement is injecting new impetus into regional trade, said a South Korean businessperson working in China.
SOUNDBITE (Korean): KIM SAMSOO, Director-general of Korea Trade-Investment Promotion Agency (KOTRA) Dalian office

“The RCEP agreement not only promotes trade exchanges, but also enhances investment. Why? Because many countries have signed the RCEP agreement. So if South Korean companies invest in Dalian, they can import raw materials from RCEP countries and then export their products to other RCEP countries. In this way, international trade and investment will become active. Recently, an international business district under the RCEP framework was established in Dalian Free Trade Zone. Then, many South Korean companies can trade internationally through RCEP in this area. Moreover, we plan to hold a South Korean goods exhibition in Dalian on Sept. 9. Through the exhibition, we hope to see more trade activities between South Korea and China.”

The RCEP agreement, the world’s largest free trade deal with China and South Korea among its signing members, came into force on the first day of 2022.
The pact will eliminate 90 percent of tariffs on goods traded between its signatories over the next 20 years, which will greatly boost cross-border trade.
Produced by Xinhua Global Service

Up Next

“ပြည်သူ့အတွက် အစိုးရဝန်ထမ်းတစ်ယောက်အဖြစ် နိုင်ငံမြောက်ပိုင်း ဆန်ရှီး ကုန်းပြင်မြင့်တွေမှာ ကျွန်တော့်ရဲ့ နက်ရှိုင်းတဲ့ အရင်းခံအကြောင်းတရားတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့အရာတွေ လုပ်ဆောင်ပေးဖို့ဆိုတဲ့ ကျွန်တော့်ရဲ့ မပြောင်းလဲတဲ့မစ်ရှင်ကို ပျိုးထောင်ပေးခဲ့လို့ပါပဲ” ဟု ဆန်ရှီးပြည်နယ်ရှိ ကျေးရွာငယ်လေးတစ်ခုဖြစ်သော လျန်ကျားဟဲကျေးရွာ၌ နေထိုင်ခဲ့သောနှစ်ကာလများကို ပြန်ပြောင်းအောက်မေ့လျက် ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

Don't Miss

အမေရိကန်နိုင်ငံ၏ အကြီးဆုံး လစ်သီယမ် မိုင်းတွင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်များထိခိုက်မည်ကို ဒေသခံအမေရိကန်မျိုးနွယ်စုများစိုးရိမ်

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.