Connect with us

Videos

အမေရိကန်ဟာ အခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအပေါ် စွက်ဖက်ဖို့ စွဲလန်းမနေဘဲ ကိုယ့်ပြည်တွင်းရေးကိုယ် ကောင်းစွာစီမံသင့်

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရက သေနတ်ပစ်ခတ်အကြမ်းဖက်မှု များကို ဖြေရှင်းရန် တာဝန်သိစိတ်ဖြင့် ပြတ်ပြတ်သားသား နှင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက “ မေ လ ၁၂ ရက်အထိ အမေရိကန် မီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်ထဲမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့သူအရေအတွက်ဟာ ၁၅,၅၆၉ ဦးအထိရှိလာခဲ့ပါပြီ၊ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံး သေနတ်ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူအရေအတွက် ၂၀,၇၂၆ ဦးအထိရှိခဲ့တာကို ခင်ဗျားတို့လည်းသတိရကြဦးမှာပေါ့၊ ဒီတော့ ဒီနှစ်ထဲမှာ ၅ လလောက်ပဲရှိသေး တာတောင် သေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်ရဲ့ ၄ ပုံ ၃ ပုံကိုရောက်နေပြီဖြစ်ပါတယ်၊ သေနတ်ပစ်ခတ်မှုဟာပို မိုများပြားလာပြီး အမေရိကန်ပြည်သူတွေရဲ့ အကူအညီမဲ့နေတဲ့ကိစ္စတွေ ပိုမိုပြင်းထန်နေတာပါ၊ အမေရိကန်တွေဟာ သေနတ်တွေကို အများကြီးဝယ်ကြတယ် သေနတ်တွေအများကြီးပိုင်တယ် သေနတ်တွေအများကြီးထုတ်သုံးကြတဲ့ကိစ္စကိုတော့ အံ့အား သင့်လို့မဆုံးပါဘူး”

“ပြီးခဲ့တဲ့နှစ်တွေကတည်းက အမေရိကန်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေ လူမျိုးရေးမုန်းတီးမှုတွေဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၀ ပြည့်နှစ်ထဲမှာ အာဖရိကန်နွယ်ဖွားအမေရိကန်တွေရဲ့ သေနတ်ဝယ်ယူမှုပမာဏဟာ ၅၈.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်၊ အဲဒီ အရေအတွက်ဟာ အာရှ နွယ်ဖွားမျိုးနွယ်တွေ မှာ ၄၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ သေနတ်အကြမ်းဖက်ကိစ္စတွေ တိုးပွားလာတာဟာ လူမျိုးရေး ခွဲခြားဆက်ဆံခံရတာနဲ့ ဆက်စပ်ပြီးလုံခြုံမှုမရှိဘူးလို့ခံစားနေရတာကြောင့် ဖြစ်နိုင်တယ်ဆိုတာကို ပြည်သူတွေစဉ်းစားနေကြပြီဖြစ်ပါတယ်၊ အာဖရိကန်နွယ်ဖွားအမေရိကန်တွေ ဘာကြောင့် သေနတ်တွေကို အရင်ထက်ပိုဝယ်ကြတာလဲ၊ ၂၀၂၁ ခုနှစ်မှာ လမ်းပေါ်မှာ ဒေါသအလျှောက်ပစ်ခတ်မှုဖြစ်စဉ်အတွင်း လူပေါင်း ၅၀၀ ကျော် သေဆုံးဒဏ်ရာရရှိမှုပမာဏဟာ သမိုင်းဝင်လောက်တဲ့အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်၊ ဒါဟာ အချိန် ၁၇ နာရီတိုင်းမှာ အမေရိကန်တစ်ဦးဟာ လမ်းပေါ်က ပစ်ခတ်မှုတွေကြောင့်သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရနိုင်တဲ့ အနေအထားပါပဲ၊ ပြည်သူတွေဟာ နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ သေနတ်မောင်းကို ဘာလို့လွယ်လွယ်ဆွဲနိုင်ရတာလဲ ၊ ဒီလိုအကြမ်းဖက်မှုတွေနဲ့ အာဃာတတွေဘယ်ကဖြစ်လာတာလဲ ၊ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ၄.၂ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံဖြစ်ပါတယ် ဒါပေမဲ့ အဲဒီမှာပဲအရပ်သားတွေရဲ့သေနတ်သုံးစွဲမှု ပမာဏကလည်း ၄၆ ရာခိုင်နှုန်းအထိရှိနေပြန်ပါတယ်၊ တကယ်တော့ စုစုပေါင်းပမာဏက ၃၉၃ သန်းရှိပါတယ်၊ ဒီတော့ မကြာခဏဖြစ်နေတဲ့ သေနတ်ပစ်ခတ်အကြမ်းဖက်မှုတွေဟာ သေနတ်တွေလွယ်လင့်တကူ ဝယ်ခွင့်ရနေတာနဲ့များဆက်စပ်နေမလား။

အမေရိကန်နိုင်ငံမှာ အစိုးရရဲ့ သေနတ် ထိန်းချုပ်မှု ဥပဒေတွေ အကျိုးသက်ရောက်မှုမရှိသေးတာကိုဝေဖန်တဲ့ အဖွဲ့အချို့ကလည်းလက်ရှိမှာ COVID-19 အတွက် ဆေးဝါးအထောက်အပံ့တွေရရှိဖို့အားထုတ်နေကြရပါပြီ၊ သေနတ်ပစ်ခတ်အကြမ်းဖက်မှုဟာဆိုရင်လည်း COVID-19 လိုပါပဲ အမေရိကန်လူထုထဲမှာ စိမ့်ဝင်ပျံ့နှံ့နေပြီးတော့ အမေရိကန်နိုင်ငံသားတွေရဲ့ဘဝတွေနဲ့လုံခြုံမှုတွေကို ခြိမ်းခြောက်နေပါပြီ၊ အမေရိကန်အစိုးရအနေနဲ့ ပြည်သူတွေအပေါ်တာဝန်သိသိနဲ့ သေနတ်ပစ်ခတ်အကြမ်းဖက်မှုတွေကို ထိရောက်ပြတ်သားစွာကိုင်တွယ်ဖြေရှင်းသင့်နေပါပြီ၊ ဒီလိုမနှစ်မြို့စရာကောင်းတဲ့လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ အမေရိကန်ဟာ အခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ်ဝေဖန် သုံးသပ်တာမျိုး ၊စီရင်ချက်ချမှတ်တာမျိုးလုပ်ဆောင်ဖို့ကိုပဲစွဲလန်းမနေဘဲကိုယ့်ပြည်တွင်းရေးကိုကိုယ် ကောင်းကောင်းစီမံသင့်ပါတယ် “ ဟုဆိုသည်။ (Xinhua)

………………………………..
(English Version)
GLOBALink | U.S. should take measures to resolve gun violence issues: Chinese FM spokesperson
The U.S. government should act in a responsible attitude, take earnest and effective measures to resolve gun violence issues, Chinese Foreign Ministry spokesperson Zhao Lijian said on Monday. #GLOBALink
SOUNDBITE (Chinese/English interpretation): ZHAO LIJIAN, Chinese Foreign Ministry spokesperson
“According to U.S. media reports, by May 12, gun-related violence incidents in this year have already took the lives of 15,569 people. You may still remember that over the course of last year, the people who lost their lives to gun violence was 20,726. There were only five months into this year, but death toll related to gun violence has already surpassed 3/4 of that of last year. Gun violence is becoming more rampant and more severe in the U.S. People cannot help but wonder why are so many U.S. population buying more guns, owning guns and taking out their guns?
In recent years, U.S. racial discrimination and racial hatred continue to surge. And in 2020, the number of guns purchased by African Americans increased by 58.2%. And that number was 43% for people of Asian descents. People wonder the proliferation of gun violence is related to the sense of insecurity, related to racial discrimination. Why are African Americans buying more guns than ever? In 2021, more than 500 people died or injured due to shooting related to “road rage”, hitting a historic high. This means that for every 17 hours, one American would be killed or wounded due to “road rage.” Why are people so easily pulling the trigger without second thought? Where do such rage and grudge come from? The U.S. is home to 4.2% of the world population, but is home to 46% of guns for civilian use. And the total number is actually 393 million. Would the frequent gun violence incidents related to the easy access to guns?
There are some groups in the U.S. that have criticized the ineffective gun control acts in the U.S. Gun violence has already occupied the strained medical resources to COVID-19. Gun violence, like COVID-19, has become a specter hovering over the American public, threatening the life and safety of American people. The U.S. government should act in a responsible attitude to its people, take earnest and effective measures to resolve gun violence issues. With such a deplorable human rights record, the U.S. should manage its own affairs well, and not only obsessed with passing judgement or pointing fingers on human rights conditions of other countries.”

Xinhua News Agency correspondents reporting from Beijing.
(XHTV)

 

 

 

 

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.