Videos
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် တည်ဆောက်ထားသည့် ကြိုးတံတားကြီးကို ဝန်အားစမ်းသပ်မှုပြီးစီး
ယူနန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ Lyuzhijiang မြစ်ချိုင့်ဝန်း ကိုဖြတ်သန်း ဖောက်လုပ် ထားသည့် တံတားကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကြိုးတံတားများထဲတွင် တစ်စင်း အပါအဝင်ဖြစ်သည်။ ယင်း အား ဇူလိုင် လ ၁၈ ရက်နေ့တွင် ဝန်အား စမ်းသပ်မှု အောင်မြင်စွာပြီးစီးခဲ့သည်။ ထိုစမ်းသပ်မှုမှာ တံတားကြီးအား အများပြည်သူသွားလာနိုင်ရေးအတွက် ဖွင့်လှစ်ရာတွင် အရေးကြီးသည့်အဆင့်ဖြစ်သည်။ တံတားကြီးမှာ အရှည်အားဖြင့် ၇၉၈ မီတာရှိပြီး အဓိက တံတားအကျယ် ၇၈၀ မီတာရှိသည်။ တံတားမှာ (တံတား) ခန်းဖွင့်အကျယ် တစ်ဖက်တစ်ချက်စီနှင့် တာဝါတစ်ခု ပါဝင်သည့် သံမဏိသံဘောင်အမျိုးအစားတံတား ဖြစ်သည်။ ယင်းတံတားကို နိုင်ငံ၏ နောက်ဆုံးပေါ်တံတားတည်ဆောက်ရေး နည်းပညာများဖြင့် ဆောက်လုပ်ထားသည်။ တံတားဖွင့်လှစ်ပြီးစီးပါက ယင်းမှာ ယူနန်ပြည်နယ်ရှိ Yuxi နှင့် Chuxiong တို့ကို ချိတ်ဆက်ပေးနိုင်မည့် အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်သည်။
အဆိုပါ တံတားသည် တောင်ကြားအား ဖြတ်သန်းသွားလာရန် ကြာမြင့်ချိန်ကို ယခင်က အချိန်၁ နာရီခွဲရှိရာမှ ယခုအခါ အချိန် ၂ မိနစ်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)