Connect with us

Videos

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ သန်း(၂၀)နီးပါး လှူဒါန်းပြီးဖြစ်

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၁၀)သန်း၊ ကာကွယ်ဆေးထိုးအပ် (၁၃)သန်း နှင့် ကိုဗစ်-၁၉ရောဂါရွေ့လျားဓာတ်ခွဲယာဉ် (၂)စီး စသည်တို့အားပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ မေ(၂၉)ရက် မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ(၁၉.၇)သန်း လှူဒါန်းထားပြီးဖြစ်သည်။ ထို့အပြင် ကာကွယ်ဆေးထိုးအပ်များ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ် ရေးဂိတ်များတွင် အသုံးပြုရန် ရွေ့လျားအမိုးအကာဓာတ်ခွဲခန်း၊ ဆေးနှင့်ဆေး ပစ္စည်းများအပါအဝင် လူနာတင်ယာဉ်၊ mobile laboratory vehicles (၂)စီး ကိုလည်း လှူဒါန်းထားပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.