Connect with us

Videos

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ပြန်လာမည်

ကျိုချွမ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများသည် ၎င်းတို့၏ စီစဉ်ထားသောလုပ်ငန်းတာဝန်များ ပြီးစီးခဲ့ပြီး ကမ္ဘာမြေသို့ ယနေ့ ဒီဇင်ဘာ ၄ ရက်နှောင်းပိုင်းတွင် ပြန်လာမည် ဖြစ်ကြောင်း သိရသည်။အာကာသယာဉ်မှူးများသည် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ဆင်းသက်သည့်နေရာ၌ ဆင်းသက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါနိုင်သော အာကာသအေဂျင်စီ(CMSA)က‌ ပြောကြားခဲ့သည်။

ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများသည် ဒီဇင်ဘာ ၂ ရက် ညနေပိုင်းတွင် ရှန်ကျိုး-၁၅ အာကာသယာဉ်မှူးများထံသို့ အာကာသစခန်း ထိန်းချုပ်မှုအား လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ဂြိုဟ်ပတ်လမ်းအတွင်း ယာဉ်အမှုထမ်းများ အလှည့်ကျတာဝန်ထမ်းဆောင်မှု ပြီးစီးသွားခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
China’s Shenzhou-14 astronauts to return to Earth
China’s Shenzhou-14 astronauts, who have completed all their scheduled tasks, will return to Earth later on Sunday.
The China Manned Space Agency (CMSA) said that the astronauts will touch down at the Dongfeng landing site in the Inner Mongolia Autonomous Region.
The landing site is currently making preparations for the return of the three astronauts.
The Shenzhou-14 astronauts handed over the control of the space station to the Shenzhou-15 crew on Friday evening, completing the country’s first in-orbit crew rotation.
Xinhua News Agency correspondents reporting from Jiuquan, China.
(XHTV)