Connect with us

Videos

နှစ်ကူးနွေဦးပွဲတော်အတွင်း တရုတ်နိုင်ငံ ဟဲပေပြည်နယ်၌ ရေခဲနှင့်ဆီးနှင်းအားကစားက လူကြိုက်များ ရေပန်းစားလာ

ဟဲပေ ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

နှစ်ကူးနွေဦးပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် ရေခဲနှင့်ဆီးနှင်း အားကစားသည် ပြန်လည်၍ လူကြိုက်များရေပန်းစားလာခဲ့ကြောင်း သိရသည်။ဟဲပေပြည်နယ်၌ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအား ပူးတွဲလက်ခံကျင်းပသည့် မြို့ဖြစ်သည့် ကျန်းကျားခိုမြို့ရှိ နှင်းလျှောစီးအပန်းဖြေနေရာများသို့ လတ်တလောတွင် စိတ်ပါဝင်စားသူများက မကြာခဏ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။
ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသည် တရုတ်နိုင်ငံတစ်ဝှမ်း မြို့များစွာတွင် ဆောင်းရာသီအားကစားနှစ်သက်မှုအား တွန်းအားပေးခဲ့ကြောင်း သိရသည်။ဟဲပေပြည်နယ် Wuyi ခရိုင်တွင် နှင်းလျှောစီးနင်းခြင်းအား ကြိုက်နှစ်သက်သူများ၏ မြင့်မားသောလိုအပ်ချက်ကို ဖြည့်တင်းပေးရန် နှင်းလျှောစီးအပန်းဖြေနေရာအား တည်ဆောက်ခဲ့ကြောင်း သိရသည်။

“အခု ကျွန်တော်အသက်က ၆၂ နှစ် ရှိပါပြီ။ ပြီးခဲ့တဲ့ ငါးနှစ်လောက်က နှင်းလျှော စပြီးစီးနင်းခဲ့ပါတယ်။ အခုအခါမှာတော့ အိမ်နားမှာ နှင်းလျှောစီးအပန်းဖြေနေရာ တည်ဆောက်ထားပါတယ် ။ ကျွန်တော်က အဲဒီမှာ ပုံမှန်သွားရောက်စီးနင်းသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါက အရမ်းကောင်းပါတယ်။”ဟု ဟဲပေပြည်နယ် Wuyi ခရိုင်ရှိ နှင်းလျှောစီးဝါသနာရှင် YU PENG က ပြောကြားခဲ့သည်။

“ဒီနှင်းလျှောစီးအပန်းဖြေနေရာက အိမ်နဲ့နီးပါတယ်။ ဒါက ကလေးငယ်တွေအတွက် နှင်းလျှောစီးတာကို သင်ယူဖို့ အလွန်ကောင်းတဲ့ ပလက်ဖောင်းတစ်ခုပါပဲ။”ဟု လာရောက်လည်ပတ်သူ WANG LELE က ပြောကြားခဲ့သည်။
၂၀၂၂-၂၀၂၃ ဆီးနှင်းနှင့်ရေခဲရာသီတွင် တရုတ်နိုင်ငံရှိ ဆီးနှင်း နှင့် ရေခဲ အပန်းဖြေခရီးသွားလာသူအရေအတွက်သည် သန်း ၃၀၀ ကျော် ရှိရန် မျှော်မှန်းကြောင်း တရုတ်နိုင်ငံ၏ ဆီးနှင်း နှင့် ရေခဲ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာတစ်စောင်က ခန့်မှန်းထားသည်။သုံးနှစ်အတွင်း ဆီးနှင်း နှင့် ရေခဲ အပန်းဖြေခရီးသွားလာသူအရေအတွက်သည် သန်း ၅၂၀ ရှိလာရန် မျှော်မှန်းထားပြီး ဆက်စပ်ခရီးသွားလုပ်ငန်းဝင်ငွေသည် ယွမ် ၇၂၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀၆.၁ ဘီလီယံခန့်) ရှိလာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.