Connect with us

Videos

တရုတ်ကုမ္ပဏီလုပ်ငန်းမှ ကူညီတည်ဆောက်ပေးသော နီပေါနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်း ကြီးမားသော တိုးတက်မှု ရရှိ

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အလယ်ပိုင်း Tanahu ရေအားလျှပ်စစ်စီမံကိန်း၏ ရေထွက်ပေါက်ဥမင် ကွန်ကရစ်အခင်းတည်ဆောက်ခြင်းသည် ဇန်နဝါရီ ၁၈ ရက်တွင် ပြီးစီးခဲ့ရာ နောက်ဆက်တွဲလုပ်ငန်းများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။
ရေထွက်ပေါက်ဥမင်ကို စုစုပေါင်း အရှည် ၂၁၀ မီတာ၊ ဆင်ခြေလျှော ၈.၄၄ ရာခိုင်နှုန်းဖြင့် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။Setiမြစ်တွင် တည်ရှိသော Tanahuရေအားလျှပ်စစ်စီမံကိန်းက စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၄၆.၄ မဂ္ဂဝပ် ထုတ်လုပ်နိုင်စွမ်းရှိသော ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားသော ဆည်ကို အသုံးပြုမည်ဖြစ်သည်။၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အဆိုပါ စီမံကိန်း၏ အပိုင်း ၂ ဖြစ်သော ရေလွှဲလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစနစ်နှင့် ရေရှည်အင်ဂျင်နီယာပိုင်းဆိုင်ရာ စက်ပစ္စည်းများ တည်ဆောက်မှုများကို PowerChina Sinohydro Bureau 11 Co., Ltd.က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“Tanahu ရေအားလျှပ်စစ်စီမံကိန်းက ရေလှောင်ဓါတ်အားပေးစက်ရုံတစ်ရုံအနေနဲ့ တည်ဆောက်ပြီးစီးပါက အိမ်ထောင်စုပေါင်း ၁၇,၆၀၀ကို လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ရေထွက်ပေါက်ဥမင်က ပထမဆုံး ပြီးစီးသွားသော အရေးကြီး စီမံကိန်းတစ်ခု ဖြစ်တာကြောင့် နောက်ဆက်တွဲ လုပ်ငန်းတွေမှာ ရေကြီးကာလ လုံခြုံရေးကို အာမခံပေးနိုင်မှာ ဖြစ်ပါတယ်” ဟု စီမံကိန်း ဒုတိယမန်နေဂျာ Huang Jiwen က ဆိုသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက်မှုလုပ်ငန်းများ စတင်ခဲ့ရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ အဆိုပါ စီမံကိန်းသည် ဒေသခံများအတွက် အလုပ်အကိုင်ပေါင်း ၁,၅၀၀ ကျော် ဖန်တီးပေးထားပြီး ဖြစ်သည်။ယင်းစီမံကိန်းသည် နီပေါနိုင်ငံ အနောက်ဘက်တောင်တန်းဒေသများနှင့် နာမည်ကျော် ခရီးသွားမြို့ဖြစ်သော Pokhara ၏ လျှပ်စစ်ဓါတ်အားလိုအပ်မှုကို များစွာ လျော့ပါးစေနိုင်မည် ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.