Connect with us

Videos

တရုတ်နိုင်ငံ၏ ကုန်းတွင်း-ပင်လယ် ကုန်တင်ဝန်ဆောင်မှုမှာ ၂၀၂၂ ခုနှစ်အတွင်း တိုးတက်မှုအရှိန်မြင့်တက်

ချင်ကျိုး၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ပီလောပီနံမှုန့် ကုန်စည် ၁၄ မျိုး တင်ဆောင်ထားသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုး ရထားကွန်တိန်နာစင်တာဘူတာမှ နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ ဇန်နဝါရီ ၁ ရက်က ထွက်ခွာလာခဲ့သည်။အဆိုပါ ရထားသည် ၂၀၂၃ ခုနှစ်အတွင်း ကုန်းတွင်း-ပင်လယ် နိုင်ငံတကာ ကုန်သွယ်မှုစင်္ကြံအသစ်မှတစ်ဆင့် ကုန်စည်တင်သွင်းမှု ပထမအသုတ်ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း ထို ကုန်သွယ်မှုနှင့် ထောက်ပံ့သယ်ပို့လမ်းကြောင်းတစ်လျှောက် ကုန်တင်ရထားဝန်ဆောင်မှုဖြင့် စုစုပေါင်း ကုန်စည် TEUs ၇၅၆,၀၀၀ ကို သယ်ဆောင်ခဲ့ကြောင်း သိရသည်။

“RCEP မှ ဆောင်ကြဉ်းပေးခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် တရုတ်ကုမ္ပဏီတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စီးပွားရေးသမားတွေဟာ ထောက်ပံ့သယ်ပို့ချန်နယ်အသစ်ကနေ နိုင်ငံတကာကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် ရထား ၁၅ စင်းလောက် ဝင်ထွက်သွားလာနေပြီး ၁၅ ရာခိုင်နှုန်းလောက်က RCEP ကနေ ကုန်စည်တွေ သယ်ဆောင်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝယ်သူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ကိုက်ညီမှုရှိဖို့၊ ဆိပ်ကမ်း၊ အကောက်ခွန်နဲ့ အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေဖို့၊ စီးပွားရေးလုပ်ငန်းတွေအတွက် အကောက်ခွန်ရှင်းလင်းရေးနဲ့ စစ်ဆေးရေးလုပ်ငန်း အရှိန်မြှင့်တင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါမှသာ အနောက်ပိုင်းဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ဈေးကွက်တွေရဲ့ အပြန်အလှန်လည်ပတ်မှုကို အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်” ဟု Qinzhou Port East Railway ဘူတာ၊ လက်ထောက်ညွှန်ကြားရေးမှူး Du Junfeng က ပြောကြားခဲ့သည်။ (Xinhua)

#China #Land_Sea #FreightService #Xinhua #Myanmar #XinhuaMyanmar #တရုတ် #ကုန်းတွင်း_ပင်လယ် #ကုန်တင်ရထားဝန်ဆောင်မှု #ဆင်ဟွာ
……………………………………..

China’s land-sea freight service sees robust growth in 2022 (TikTok)
In 2022, 756,000 TEUs of goods were carried by the freight train service along the New International Land-Sea Trade Corridor, up 18.5 percent year on year. #GLOBALink

A freight train loades with 14 cargoes of cassava starch from Thailand departed from Qinzhou Railway Container Center Station in South China’s Guangxi Zhuang Autonomous Region on Sunday bound for southwest China’s Chongqing.
It was the first batch of goods imported via the New International Land-Sea Trade Corridor in 2023.
In 2022, a total of 756,000 TEUs of goods were carried by the freight train service along this trade and logistics passage, up 18.5 percent year on year.

Du Junfeng
Deputy director of Qinzhou Port East Railway Station

Thanks to the benefits brought by RCEP, more and more Chinese companies and businessmen form ASEAN contries are doing international trade through the new logistics channel. We receive and dispatch about 15 trains every day, and 15 percent of them carry goods from RCEP countries. We will contines to meet the demends of customers, deepen cooperation with ports, customs and other departments, speed up the process of customs declaration and inspection for enterprises, sa as to facilitate the economic development of the western region and the “dual circulation” of domestics and international markets.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.