Connect with us

Videos

လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့က တရုတ်ဘာသာစကားဆရာ/ဆရာမများ ပူးပေါင်းလေ့ကျင့်မည်

ဗီယင်ကျန်း ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ၏ တရုတ်ဘာသာစကား ဆရာ/ဆရာမများ ပူးပေါင်းလေ့ကျင့်ရေးအတွက် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ လာအိုနိုင်ငံ National University (NUOL) ၊ တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဘာသာစကားပညာရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ(CLEC) နှင့် Guangxi Minzu တက္ကသိုလ်တို့အကြား သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ယင်းအဖွဲ့သုံးဖွဲ့သည် NUOL ကွန်ဖြူးရှပ်အသင်းအတွက် တရုတ်ဘာသာစကားဆရာ/ဆရာမများ လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းတစ်ခုအား ပူးတွဲရေးဆွဲသွားမည် ဖြစ်သည်။ထို့အပြင် ယင်းစီမံကိန်းတွင် နှစ်စဉ် လာအိုကျောင်းသား/သူ ၆၀ ဦးကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi Minzu တက္ကသိုလ်၌ နှစ်နှစ်ကြာ သင်ကြားလေ့လာမှုအတွက် ကွန်ဖြူးရှပ်အသင်း၏ တရုတ်ပုံမှန်ဘွဲ့ကြိုအစီအစဉ်အောက်တွင် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————
Laos, China to jointly train Chinese language teachers
An agreement has been inked among the National University of Laos (NUOL), the Center for Language Education and Cooperation (CLEC) under China’s education ministry, and the Guangxi Minzu University in the Lao capital for jointly training Chinese language teachers of Laos.

The three parties will jointly develop a curriculum for training Chinese language teachers for the NUOL Confucius Institute. Also, the project will annually sponsor 60 Lao students under the Confucius Institute’s Chinese normal undergraduate program for a two-year study at the Guangxi Minzu University in south China’s Guangxi Zhuang Autonomous Region.
Xinhua News Agency correspondents reporting from Vientiane.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.