Connect with us

Videos

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်ရောက်ရှိခဲ့ပြီဟုဆို

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မေလ ၁၁ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဆင်ဟွာသို့ မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)