Connect with us

Videos

တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

မနီလာ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် ဇွန် ၁၇ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံဘက်က မနီလာမြို့ရှိ South Harbor ဆိပ်ကမ်း၌ ကြီးကျယ်ခမ်းနားသော နှုတ်ဆက်ပွဲအခမ်းအနားအား ကျင်းပခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Huang Xilian ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ကာကွယ်ရေးသံမှူး Li Jianzhong ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဝန်ထမ်းများ ၊ တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ၊ ဒေသန္တရ တရုတ်အဖွဲ့အစည်းများ ၊ တရုတ်ကျောင်းသားများသာမက ဖိလစ်ပိုင်ရေတပ်မှ ကိုယ်စားလှယ်များ အပါအဝင် လူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————

Chinese naval training ship heading back after wrapping up friendly visit to Philippines
The Chinese naval training ship Qi Jiguang (Hull 83) departed for China on Saturday after successfully concluding its goodwill visit to the Philippines.
The Philippine side held a grand farewell ceremony at the South Harbor in Manila. More than 300 people, including Chinese Ambassador to the Philippines Huang Xilian, defense attache to the Philippines Li Jianzhong, staff of the Chinese Embassy in the Philippines, representatives of Chinese companies, local Chinese associations and Chinese students, as well as representatives of the Philippine Navy, went to the port to see off the ship.
Xinhua News Agency correspondents reporting from Manila. (XHTV)