Connect with us

Videos

အမေရိကန်နှင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ “အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်” ပထမအပိုင်း သဘောတူညီချက် လက်မှတ်ရေးထိုးသည့်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကြိမ်ဖန်များစွာ အလေးအနက် ပြောကြားမှုကို ဂရုမပြုဘဲ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် “အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်” ပထမအပိုင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထို့အတွက် အစိုးရအရာရှိများကို စေလွှတ်ခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်းနှင့် ခိုင်မာစွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၁ ရက်တွင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ “အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်” ပထမ သဘောတူညီချက် လက်မှတ်ရေးထိုးသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ ပြောကြားလိုပါသနည်း ဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်နက်တွင် ခွဲခြားမရသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက သံတမန်ရေးထူထောင်ထားသော နိုင်ငံများသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် အချုပ်အခြာအာဏာအနက်အဓိပ္ပါယ်ရှိ၍ အစိုးရပုံစံဖြစ်သော ကုန်သွယ်စီးပွား သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း အပါအဝင် အစိုးရချင်းဆက်ဆံနေသော မည်သည့်ပုံစံကိုမဆို ခိုင်မာစွာ ကန့်ကွက်ကြောင်း ၊ အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် သတ်မှတ်ချက်ကို လိုက်နာစောင့်ထိန်းရန်၊ ထိုင်ဝမ်နှင့် ကုန်သွယ်စီးပွားဆက်ဆံရေးကို သတိနှင့်ဆောင်ရွက်ရန် ၊ အမေရိကန်-ထိုင်ဝမ် အစိုးရပုံစံ ကူးလူးဆက်ဆံမှု မှန်သမျှကို ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………
商务部回应美国和中国台湾地区签署“美台21世纪贸易倡议”第一部分协议
新华社北京6月2日电 商务部新闻发言人2日表示,美方不顾中方多次严正交涉,与中国台湾地区签署“美台21世纪贸易倡议”第一部分协议,并派政府官员出席签字仪式。中方对此强烈不满,坚决反对。
有记者问:6月1日,美国和中国台湾地区签署“美台21世纪贸易倡议”第一部分协议,请问中方对此有何评论。商务部新闻发言人作出上述回应。
这位新闻发言人说,台湾是中国领土不可分割的一部分。中方坚决反对建交国与中国台湾地区进行任何形式的官方往来,包括商签任何具有主权意涵和官方性质的经贸协定。敦促美方恪守一个中国原则和中美三个联合公报规定,慎重处理与台经贸关系,停止任何形式的美台官方往来。