Connect with us

Videos

မြန်မာ့လက်ရွေးစင် Dota 2 E-sport အသင်း IESF World Championship 2023 ဗိုလ်လုပွဲသို့တက်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် Dota 2 E-sport အသင်းသည် IESF World Championship 2023 ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီဖြစ်ကြောင်း Yangon Galacticos (YG) မှ Community Manager ကဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၃ ရက်တွင် ပြောသည်။မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် မြန်မာ့လက်ရွေးစင် Dota 2 အသင်း Team Myanmar သည် ရိုမေးနီးယားနိုင်ငံ၌ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပလျက်ရှိသည့် IESF World Championship 2023 ပြိုင်ပွဲ၌ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံ၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထက်လင်းနှင့် မြန်မာ့လက်ရွေးစင် Dota 2 အသင်း Team Myanmar အသင်းနည်းပြ ဦးရန်မင်းနိုင်တို့ ဦးဆောင်ကာ အသင်းအဖွဲ့ဝင် များဖြစ်သည့် မောင်အောင်မြတ်စိုး၊ မောင်ဇော်ရိန်ဆိုင်းအောင်၊ မောင်မင်းခန့်မောင်မောင်၊ မောင်ကောင်းဆက်ဟိန်းနှင့် မောင်သီဟကျော်စွာတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် Dota 2 အသင်း Team Myanmar သည်နိုင်ငံပေါင်း ၁၁၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် International Esports Championship 2023 ပြိုင်ပွဲ၌ အဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Galacticos (YG) မှ Community Manager က “အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး အခုနေရာ ကိုရောက်ရှိနေတာပါ။ယုံကြည်ရာ ပန်းတိုင်အတွက် အဖွဲ့သားတွေက ဆက်လက်ကြိုးစားသွားမှာပါ”ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် Dota 2 အသင်း Team Myanmar အသင်းသည် ဗိုလ်လုပွဲတွင် မွန်ဂိုလီးယားနိုင်ငံ ကိုယ်စားပြုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“ဗိုလ်လုပွဲက ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာကစားကြမှာပါ။ အခုပြိုင်ပွဲ Champion မှန်းထားပါတယ်” ဟု အဆိုပါ Community Manager ကဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.