Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး စမ်းသပ်ပြေးဆွဲမှု စတင်

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City သည် ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုမှ ဒီဇင်ဘာ ၂၄ ရက်တွင် ထွက်ခွာသွားခဲ့ပြီး သင်္ဘောစမ်းသပ်ပြေးဆွဲမှု စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။အပျော်စီးသင်္ဘောကြီး Adora Magic City သည် အလျား ၃၂၃.၆ မီတာရှိပြီး သင်္ဘောဆံ့နိုင်သောပမာဏ တန်ချိန် ၁၃၅,၅၀၀ ရှိကာ တည်းခိုခန်း စုစုပေါင်း ၂,၁၂၅ ခန်းတွင် ခရီးသည် ၅,၂၄၆ ဦးထိ ထားရှိနိုင်ကြောင်း CSSC Shanghai Waigaoqiao Shipbuilding ကုမ္ပဏီထံမှ သိရသည်။

အဆိုပါသင်္ဘောတွင် အထပ် ၁၆ ထပ်နှင့် အများပြည်သူ အပန်းဖြေနေထိုင်နိုင်သည့် နေရာအကျယ်အဝန်း စုစုပေါင်း ၄၀,၀၀၀ စတုရန်းမီတာ ရှိကြောင်း သိရသည်။ (Xinhua)
———————–
China’s first homegrown large cruise ship starts trial operation
China’s first domestically-built large cruise ship, the “Adora Magic City,” departed from a port in Shanghai on Sunday, starting its trial operation.
The Adora Magic City is 323.6 meters in length with a gross weight of 135,500 tonnes, and can accommodate up to 5,246 passengers across a total of 2,125 guest rooms, according to its builder, the CSSC Shanghai Waigaoqiao Shipbuilding Co., Ltd.
It has 16 floors and a total of 40,000 square meters of public living and recreation space.
Produced by Xinhua Global Service