Connect with us

Videos

တရုတ်နိုင်ငံတွင် ငလျင်ဒဏ်ခံစားရသော ဒေသရှိ ပြည်သူများ ခေတ္တခိုလှုံနေထိုင်ရန် အသင့်နေအိမ် ၁၅,၈၀၀ ကျော် တည်ဆောက်

ကျိရှီဆန်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ငလျင်ဒဏ်ဆိုးဝါးစွာ ခံစားခဲ့ရသောမြို့နယ်များရှိ ဒေသခံများအတွက် ယာယီခိုလှုံနေရာများ ပံ့ပိုးပေးနိုင်ရန် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီအထိ အသင့်နေ အဆောက်အအုံ ၁၅,၈၁၂ လုံး တည်ဆောက်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ငလျင်ဘေးအန္တရာယ်လျော့ပါးရေးဌာနက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယာယီပြောင်းရွှေ့နေရာများတွင် ဆေးဝါးနှင့် ကုန်ပစ္စည်းဖြန့်ဖြူးပေးသောနေရာများကိုလည်း ထားရှိပြီးဖြစ်ကြောင်း သိရသည်။

လျင်ရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကျိရှီဆန်းခရိုင်၊ ပေါနန်-တုန်းရှန်-ဆာလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် လွန်ခဲ့သော သီတင်းပတ်က အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး အဆောက်အအုံများစွာ ပြိုကျ၊ ပျက်စီးခဲ့ကြောင်း သိရသည်။ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မတိုင်မီ လူနေအဆောက်အအုံများ တည်ဆောက်ရန် နေရာရွေးချယ်မှုပြီးစီးမည်ဖြစ်ကာ တည်ဆောက်မှုလုပ်ငန်းအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမကုန်မီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
Over 15,800 prefab houses built to shelter people in quake-hit region in China
JISHISHAN, Gansu, Dec. 29 (Xinhua) — A total of 15,812 prefabricated houses had been built as of 3 p.m. Friday to provide shelter for earthquake-affected residents in hard-hit townships of northwest China’s Gansu Province, the provincial earthquake relief headquarters told a press briefing.
Medical and material distribution points have also been set up for quake-affected residents at resettlement sites.
A 6.2-magnitude earthquake struck the Bonan-Dongxiang-Salar Autonomous County of Jishishan in Linxia Hui Autonomous Prefecture last week, resulting in hundreds of casualties and collapsed or damaged buildings.
The quake-hit areas will complete site selection for residential houses before Jan. 15, 2024, to ensure completion of their construction by the end of October 2024.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.