Connect with us

Videos

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှတ်ချက်ပြု

ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။၂၀၂၄ ခုနှစ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ ထိုအခါသမယအတွက် ဇန်နဝါရီ ၁ ရက်ကလည်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဂျိုးဘိုင်ဒန်တို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး နှစ်ခုလုံး၏ သမိုင်းကြောင်းတွင် အရေးပါသောကိစ္စရပ်ဖြစ်သည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် လေဒဏ်၊ မိုးဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီး ခရီးရှည်ဖြတ်သန်းလာခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၁၉၇၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံအောက်သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင်မူ ဒေါ်လာ ၇၆၀ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း၊ နည်းလမ်းနှစ်သွယ် ရင်းနှီးမြှုပ်နှံမှုမှာ သုညနီးပါးအခြေအနေမှ ဒေါ်လာ ဘီလီယံ ၂၆၀ ကျော်အထိလည်းကောင်း၊ ညီအစ်မပြည်နယ်များ၊ ဒေသများနှင့် မြို့များ ၂၈၄ စုံအထိ ထူထောင်လာနိုင်ခဲ့ကြောင်း ဝမ်က ဆိုသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ နယ်ပယ်အမျိုးမျိုးနှင့် ကမ္ဘာ့ရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုက နှစ်နိုင်ငံပြည်သူများ ကောင်းမွန်ရေးအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းပဲ ပံ့ပိုးပေးသည်ကို သမိုင်းက ဖော်ပြနေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်က ဆိုသည်။
တရုတ်နိုင်ငံ၏ အမေရိကန်ဆိုင်ရာ မူဝါဒသည် တသမတ်တည်း ရှင်းရှင်းလင်းလင်းရှိကြောင်း၊ ၎င်းတို့မှာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ် ခိုင်မာ၍ ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ကတိပြုထားကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

——————————

Chinese FM spokesperson’s remarks on 45th anniversary of China-U.S. diplomatic relations
BEIJING, Jan. 2 (Xinhua) — A Chinese foreign ministry spokesperson on Tuesday made remarks on the 45th anniversary of China-U.S. diplomatic relations.
The year 2024 marks the 45th anniversary of diplomatic relations between China and the United States. On Jan. 1, President Xi Jinping and President Joe Biden exchanged letters of congratulations on this occasion, the spokesperson said.
The establishment of China-U.S. diplomatic relations is a consequential event in the history of both China-U.S. ties and international relations. For 45 years, China-U.S. relations have weathered winds and rains and come a long way, the spokesperson said.
According to the spokesperson, bilateral trade surged from less than 2.5 billion U.S. dollars in 1979 to close to 760 billion dollars in 2022; two-way investment increased from almost zero to over 260 billion dollars; and 284 pairs of sister provinces, states and cities were set up.
The two countries have also carried out cooperation on various international and regional hotspots and global issues. “History shows that the growth of China-U.S. relations not only contributes to the good of the two peoples but also to world peace, stability and development,” said the spokesperson.
China’s U.S. policy is consistent and clear, namely mutual respect, peaceful coexistence and win-win cooperation, said the spokesperson.
The spokesperson said that China is committed to a stable, sound and sustainable China-U.S. relationship.