Connect with us

Videos

အာဒိုဂန်နှင့်ဘလင်ကန်တို့ နှစ်နိုင်ငံဆက်ဆံရေး ၊ နိုင်ငံတကာ ကိစ္စရပ်များအပေါ် တွေ့ဆုံဆွေးနွေး

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံသမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ၊ နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေးရန် အစ္စတန်ဘူလ်မြို့၌ ဇန်နဝါရီ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း တူရကီသမ္မတရုံးထံမှ သိရသည်။အာဒိုဂန်နှင့်ဘလင်ကန်တို့က အစ္စတန်ဘူလ်မြို့ရှိ Vahdettin သမ္မတအိမ်တော်၌ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။ဘလင်ကန်က သမ္မတအာဒိုဂန်နှင့် မတွေ့ဆုံမီ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နှင့် နှစ်နာရီကြာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ဂါဇာဒေသတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအပြင် အခြား နှစ်နိုင်ငံနှင့်ဒေသတွင်း ကိစ္စရပ်များအနက် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပလက်ဖောင်း X ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။အစ္စရေး-ဟားမက်စ် ပဋိပက္ခဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၇ ရက်မှစ၍ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒေသတွင်းခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် အစ္စတန်ဘူလ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)