Connect with us

Videos

စွန့်ပစ်ပလတ်စတစ်များမှ T shirt များထုတ်လုပ်

ပေကျင်း၊ မတ် ၁၄ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စွန့်ပစ် ပလတ်စတစ်ရေသန့်ဘူးအဟောင်းများမှ ဝတ်ဆင်နိုင်သည့် T shirt များအဖြစ် စမ်းသပ်ထုတ်လုပ်လျက်ရှိပြီဖြစ်သည်။ ကမ္ဘာကြီးပေါ်တွင် ပလတ်စတစ် သုံးစွဲမှုများ ပိုမိုများပြားလာမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများစွာဖြစ်ပွားမှုကို ဖြေရှင်းရန် နည်းလမ်းရှာဖွေပြီးနောက် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေမည့် ထုတ်ကုန်များကို စွန့်ပစ်ပလတ်စတစ်များအသုံးပြုကာ ပြန်လည်ထုတ်လုပ်ရန် နည်းပညာများ ကို အဆင့်မြှင့်တင်ခဲ့သည်။

စွန့်ပစ်ထားသည့် ပလတ်စတစ်ရေဘူးများမှ ပလတ်စတစ်များကို ပေါ်လီအက်စတာ ဓာတုချည်မျှင်များအဖြစ် အသွင်ပြောင်းလဲပြီးနောက် T shirt များအဖြစ် ရက်လုပ်ဝတ်ဆင်နိုင်ရန် China Chemical Fibers Association က ဦးစီးဆောင်ရွက်လျက်ရှိပြီဖြစ်သည်။

China Chemical Fibers Association မှ တာဝန်ရှိသူ Li Deli က ဒီ T Shirt ဆိုရင် ပလတ်စတစ်ရေသန့်ဘူးအဟောင်းပေါင်း ၇ဘူးလောက်ကိုအသုံးပြုပြီးရက်လုပ်ထားတာပေါ့။ ပလတ်စတစ်တွေကို ပေါ်လီအက်စတာတွေအဖြစ် ပြောင်းလိုက်ပြီးတော့ ချည်လုံးများဖြစ်အောင် ပြုလုပ်ရပါတယ်။ အဲဒီလို ပြုလုပ်ပြီးရင်တော့ T shirt တွေ အဖြစ် ပြန်လည် ချုပ်လုပ်ပြီး ထုတ်လုပ်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.