Connect with us

Videos

ဘောလုံးချစ်ပရိသတ်များအတွက် UEFA ချန်ပီယံလိဂ် ဖလား နှင့်အတူ UEFA ကြယ်ပွင့်ဟောင်း Fredrik Ljungberg တို့ မြန်မာနိုင်ငံသို့ရောက်ရှိ ခဲ့

ရန်ကုန်၊ မတ်၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး ပရိသတ် အခြေပြု ဖလားလှည့်လည်သည့်ခရီးစဉ်တစ်ခုဖြစ်သည့် Heineken ကုမ္ပဏီမှ စီစဉ်သော ချန်ပီယံ လိဂ်ဖလားခရီးစဉ် အဖြစ် UEFA ဖလားသည် မြန်မာနိုင်ငံရှိ ဘောလုံးချစ်ပရိသတ်များ အတွက် မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့တွင်ရောက်ရှိ ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အာဆင်နယ် အသင်းနှင့် UEFA ချန်ပီယံလိဂ် ကြယ်ပွင့်ဟောင်း Fredrik Ljungberg (ဖရက်ဒရစ်လင်းဘတ်) လည်းပါဝင်ခဲ့သည်။ မတ်လ ၂ဝ ရက်နေ့ တွင် ရောက်ရှိသော အဆိုပါ UEFA ဖလား ကို ရန်ကုန်မြို့တွင်း၌ လှည့်လည်ပြသခဲ့ပြီး မြန်မာဘောလုံးချစ် ပရိသတ်များမှ ပျော်ရွှင်ဝမ်းမြောက်စွာကြိုဆိုခဲ့ကြသည်။

ထို့အတူ ပရိသတ် များ ပါ ဝင်ရောက် ဆင်နွှဲနိုင်သည့် ပျော်ရွှင်ဖွယ် အခမ်းအနား များကို မတ်လ ၂၆ ရက်နေ့ နေ့လည် ၁ နာရီမှ ည ၁၁ နာရီအထိ ရွှေထွဋ်တင်ကွင်းတွင်ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ဘောလုံးချစ်သူ ပရိသတ်များမှ UEFA ဖလားနှင့်အတူ ဓါတ်ပုံရိုက်ခြင်းများ၊ ဘောလုံးကြယ်ပွင့် လင်းဘတ်နှင့် တွေ့ဆုံမိတ်ဆက် ကာ အမှတ်တရ လက်မှတ်ရေးထိုးခြင်းများ ဖြင့် ပျော်ရွင်စွာဆင်နွှဲခဲ့ကြသည်။

UEFA ချန်ပီယံလိဂ် ဖလားသည် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် စတင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ချန်ပီယံလိဂ်ဖလား ခရီးစဉ်အား ကမ္ဘာအနှံ့ရှိ ဘောလုံးပရိသတ်များ ပါဝင် ဆင်နွှဲခွင့်ရမည့် ခရီးစဉ်အဖြစ် Heineken မှ ၂၀၀၇ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက်ပြသသည့် ဆုဖလားသည် ဥရောပ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့သည့် အသင်းအား ချီးမြှင့်သည့် ဆုဖလားအစစ် ဖြစ်ပြီး ဆုဖလား၏ အပြင်ဘက်တွင် 925 ငွေသားအမျိုးအစား နှင့် ထုလုပ်ထားကာ အတွင်းဘက်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ ၁၉၅၆ ခုနှစ်မှ စတင်၍ အနိုင်ရရှိခဲ့သည့် အသင်းအားလုံး၏ အမည်များအား ဆုဖလား၏ အပြင်ဘက်တွင် ရေးထိုးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.