Connect with us

မြန်မာ-中文

ရုရှားနှင့် အမေရိကန်တို့ လာမည့်နှစ် ဇန်နဝါရီတွင် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရန် အတည်ပြု

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Villa La Grange ၌ ၂၀၂၁ခုနှစ်၊ ဇွန် ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရုရှားနှင့် အမေရိကန်အစိုးရတို့သည် စစ်ရေးလှုပ်ရှားမှုများ အပြန်အလှန်ဆွေးနွေးရန်နှင့် ယူကရိန်း ပြဿနာများကို ဖြေရှင်းရန် လာမည့်နှစ် ဇန်နဝါရီ ၁၀ ရက်တွင် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် အမေရိကန်-ရုရှား ဆွေးနွေးပွဲ ကျင်းပမည့်ရက်ကို ကြေညာခဲ့ပြီး၊ ရုရှားနှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့တို့သည် ဇန်နဝါရီ ၁၂ ရက်တွင် လုံခြုံရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၃ ရက်တွင် ရုရှား၊ အမေရိကန်၊ ယူကရိန်း နှင့် အခြားသော ဥရောပ နေတိုးအဖွဲ့ဝင် မဟုတ်သော နိုင်ငံများပါဝင်သည့် လုံခြုံရေး အစည်းအဝေးကြီး ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အထက်ဖော်ပြထားသော ဆွေးနွေးပွဲအစီအစဉ်ကို ဒီဇင်ဘာ ၂၈ ရက်နေ့၌ အတည်ပြုခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် စတင်မည့် ရုရှားနှင့် အမေရိကန်တို့ကြား ဆွေးနွေးမှုတွင် ရုရှားက အနောက်အုပ်စုထံမှ လုံခြုံရေးအာမခံချက် ရရှိနိုင်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရုရှားနှင့် နေတိုးတို့ကြား ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်တွင် ဘယ်လ်ဂျီယံ မြို့တော် ဘရပ်ဆဲလ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဩစတြီးယားနိုင်ငံ ဗီယင်နာတွင် အခြေစိုက်သည့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်နေ့၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားသည် လွန်ခဲ့သည့် နှစ်လအတွင်း ယူကရိန်းနယ်စပ်တွင် စစ်အင်အားစုစည်းပြီး ယူကရိန်းကို ကျူးကျော်ရန် အလားအလာရှိကြောင်း အမေရိကန်နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများက ထောက်ပြထားသည်။ ယူကရိန်းအပေါ် ရုရှားက စစ်ရေးလှုပ်ရှားမှုများပြုလုပ်ပါက အမေရိကန်နှင့် ဥရောပတို့က ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေတိုး၏ အရှေ့ဘက်သို့ ဆက်လက်တိုးချဲ့မှု၊ ယူကရိန်းနှင့် အခြားရုရှားအိမ်နီးချင်းရှိ ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများအား စုရုံးရန် ရည်ရွယ်ချက်ကို ရုရှားက မကျေမနပ်ဖြစ်ပြီး နေတိုး၏ လုပ်ရပ်များသည် ရုရှား၏ “မျဉ်းနီ” ကို ထိပါးခြင်းဖြစ်ပြီး ရုရှား၏ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ရုရှားကဆိုသည်။

ရုရှားက ယူကရိန်းနှင့် အခြားယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများတွင် ရုရှားလုံခြုံရေးကို ခြိမ်းခြောက်သည့် လက်နက်များ ဖြန့်ကျက်ခြင်းနှင့် နေတိုး၏ အရှေ့ဘက်သို့ ချဲ့ထွင်မှု ရပ်ဆိုင်းခြင်း အပါအဝင် ဥပဒေအရ စည်းနှောင်ပေးမည့်”လုံခြုံရေး အာမခံချက်များ” ပေးရန် အမေရိကန်နှင့် နေတိုးတို့အား တောင်းဆိုထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဒီဇင်ဘာ ၂၇ ရက်တွင် ၂၀၂၂ ဘဏ္ဍာနှစ် အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေကိုလက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းခွင့်ပြုချက်များအနက် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ရန်ပါဝင်ကြောင်းသိရသည်။ (Xinhua)

——————————–
(Chinese Version)
俄美确定明年1月启动安全对话
2021-12-29 10:12:36 分类: 政治法律
新华社北京12月29日电 俄罗斯和美国政府确认,双方定于明年1月10日举行安全事务对话,讨论彼此军事活动和如何应对乌克兰局势等议题。
美国政府一名发言人27日深夜宣布美俄会谈日期,同时披露,俄罗斯与北大西洋公约组织也可能在1月12日举行安全会谈,并在1月13日举行更大范围的安全会议,参与方包括俄、美以及乌克兰等欧洲非北约成员国家。
6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦的拉格朗热别墅举行会晤。(新华社发,丹尼斯•巴利布斯摄)
俄罗斯外交部副部长谢尔盖•里亚布科夫28日确认上述会谈日程。他说,希望俄美双方准备在瑞士日内瓦开展的对话将开启一项进程,最终使俄方从西方集团那里获得新的“安全保证”。俄罗斯与北约12日的会谈将在比利时首都布鲁塞尔举行;总部设于奥地利首都维也纳的欧洲安全与合作组织将参与13日会谈。
美国和北约的欧洲成员国指认俄罗斯近两个月在靠近乌克兰的边境地带集结大量军队,有“入侵”乌克兰之势,同时威胁,一旦俄方对乌采取军事行动,美欧将协同对俄施加严厉制裁。
俄罗斯不满北约持续东扩、有意吸纳乌克兰等俄罗斯周边的原苏联加盟共和国,称北约行为触及俄方“红线”,危及俄国家安全。俄方要求美国和北约提供有法律约束力的“安全保证”,包括北约停止东扩、不在乌克兰等原苏联加盟共和国部署威胁俄方安全的武器等。
美国总统约瑟夫•拜登27日签署2022财年国防授权法案,其中一笔支出是向乌克兰武装部队提供3亿美元支持。(沈敏)