Connect with us

မြန်မာ-中文

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ် တိုရွန်တိုမြို့၌ ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အဦအနီး လမ်းမတွင် စည်ပင်ထရပ်ကားဖြင့် ပိတ်ဆို့ထားသည်ကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ထရပ်ကားယာဉ်မောင်းများ ဆန္ဒပြလှုပ်ရှားမှု တစ်ပြည်နယ်လုံးတွင် ပျံ့နှံ့သွားခြင်းကြောင့် စီးပွားရေးအပေါ် အကြီးအကျယ်ရိုက်ခတ်မှုဖြစ်စေရာ ယနေ့မှစပြီး ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ကန်ဒေါနိုင်ငံ မြို့တော် အော့တဝါရှိ အွန်တေးရီးယိုးပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ် တိုရွန်တိုမြို့၌ ရဲတပ်ဖွဲ့ ကပ်ထားသော ကားမရပ်ရ သတိပေးစာအား ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ် တိုရွန်တိုမြို့၌ ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အဦအနီး လမ်းမတွင် စည်ပင်ထရပ်ကားဖြင့် ပိတ်ဆို့ထားသည်ကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ် တိုရွန်တိုမြို့၌ ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အဦအနီး လမ်းမတွင် စည်ပင်ထရပ်ကားဖြင့် ပိတ်ဆို့ထားသည်ကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ် တိုရွန်တိုမြို့ လွှတ်တော်အဆောက်အဦအနီးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထရပ်ကားယာဉ်မောင်းများ ဆန္ဒပြလှုပ်ရှားမှုကြောင့် အော့တဝါနှင့် ဝင်းဒ်ဆောမြို့တွင် ဆက်တိုက် ပိတ်ဆို့မှုဖြစ်နေသည်ကို ဖြေရှင်းရန်အတွက် အစိုးရက ဥပဒေနည်းလမ်းများ အသုံးပြုတော့မည်ဖြစ်ကြောင်း၊ အရေးကြီးအခြေခံအဆောက်အအုံ လမ်းတစ်လျောက် ယာဉ်လမ်းကြောပိတ်ဆို့ခြင်းသည် တရားမဝင်လုပ်ရပ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးဒဏ်ငွေ ကနေဒါဒေါ်လာ ၁ သိန်း (အမေရိကန်ဒေါ်လာ ၇၉,၀၀၀ ခန့်) နှင့် ထောင်ဒဏ်အမြင့်ဆုံး ၁ နှစ် ချမှတ်နိုင်သည်ဟု အတိအကျပြဋ္ဌာန်းထားကြောင်း အွန်တေးရီးယိုးပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ford က ဖေဖော်ဝါရီ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရက နိုင်ငံတကာနယ်စပ်ဖြတ်ကျော်သည့်နေရာ အဓိက လမ်းမ၊ လေဆိပ်၊ ဆိပ်ကမ်း၊ လမ်းတံတားနှင့် ရထားလမ်းများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းများအရ ထရပ်ကားယာဉ်မောင်းများ နေ့စဉ်ရက်ဆက် ဆန္ဒပြလှုပ်ရှားမှုသည် အွန်တေးရီးယိုးပြည်နယ်သာမက ကနေဒါနိုင်ငံအနှံ့အပြား ဖြစ်ပေါ်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ ယခုကာလများတွင် ဆန္ဒပြလှုပ်ရှားမှုများ တိုရွန်တို စသည့် မြို့ကြီးများ၌ ပို၍လုပ်ဆောင်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ကနေဒါအစိုးရက ဇန်နဝါရီ ၁၅ ရက်တွင် ကပ်ရောဂါတိုက်ဖျက်ရေး သတ်မှတ်ချက်သစ်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ကနေဒါနှင့် အမေရိကန်ကြား သွားလာနေသည့် ထရပ်ကားယာဉ်မောင်းများအနေဖြင့် နိုင်ငံအတွင်းသို့ဝင်ရောက်ပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေလက်မှတ်ပြရန် တောင်းဆိုထားသည်။ ယင်းကိစ္စရပ်အပေါ် ကနေဒါ-အမေရိကန် ထရပ်ကားယာဉ်မောင်းအချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ချက်ချင်း ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ယာဉ်အုပ်စုဖွဲ့ကာ အော့တဝါသို့ ချီတက်ခဲ့ကြပြီး ဇန်နဝါရီ ၂၉ ရက်တွင် အော့တဝါမြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် အော့တဝါမြို့တော်ဝန် Jim Watson က ဆန္ဒပြလှုပ်ရှားမှုသည် မြို့နေပြည်သူများ၏လုံခြုံရေးကို ဆိုးဝါးစွာခြိမ်းခြောက်မှုဖြစ်စေခြင်းကြောင့် တစ်မြို့လုံး အရေးပေါ်အခြေအနေဆောင်ရွက်မည်ဟု ကြေညာခဲ့ကြောင်း သိရသည်။  (Xinhua)

————————-
(Chinese Version)
(国际)加拿大安大略省宣布进入紧急状态
2022-02-12 03:31:18
新华社渥太华2月11日电(记者林威)加拿大首都渥太华所在的安大略省政府11日宣布,由于卡车司机抗议示威活动在该省蔓延,对经济造成重大影响,全省即日进入紧急状态。
安大略省长道格•福特11日在新闻发布会上表示,为应对卡车司机抗议示威活动给渥太华和温莎市造成的持续封锁,政府将采取法律措施,明确规定在重要基础设施沿线阻碍车辆交通的行为为非法,违者将被处以最高10万加元(约合7.9万美元)的罚款,并面临最长一年的监禁。同时,政府将采取措施保护国际过境点、主要公路、机场、港口、桥梁和铁路等。
据报道,持续多日的卡车司机抗议示威活动正在安大略省乃至加拿大全国蔓延。预计近期将有更多抗议示威活动在多伦多等大城市进行。
1月15日,加拿大政府宣布一项新抗疫规定,要求来往加拿大和美国的卡车司机在入境加拿大时出示新冠疫苗接种证明。加美两国部分卡车司机立即表示强烈抗议,随后组成车队向渥太华“进军”并于1月29日进入渥太华。2月6日,渥太华市长吉姆•沃森宣布,由于抗议示威活动对市民安全构成严重威胁,全市进入紧急状态。(完)
图说1:2月11日,在加拿大安大略省多伦多市,警方调动市政卡车封锁了安大略省议会大厦附近的街道。新华社发(邹峥摄)
图说2: 这是2月11日在加拿大安大略省多伦多市一条街道上拍摄的警方张贴的禁止停车紧急通告。 新华社发(邹峥摄)
图说3,4: 2月11日,在加拿大安大略省多伦多市,警方调动市政卡车封锁了安大略省议会大厦前的街道。新华社发(邹峥摄)
图说5: 2月11日,在加拿大安大略省多伦多市,一名警察在安大略省议会大厦附近已封锁的道路上执勤。新华社发(邹峥摄)