China
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့က ကိုမိုရိုနိုင်ငံတွင် ကုသိုလ်ဖြစ်ဆေးကုသပေးရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်
အန်တာနာနာရီဗို၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ကိုမိုရိုနိုင်ငံသို့ သွားရောက်အကူအညီပေးသော ၁၆ သုတ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ကိုမိုရိုမိုဟယ်လီကျွန်းတွင် ကုသိုလ်ဖြစ်ဆေးကုသမှုများကို အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ဒေသန္တရဆေးရုံများသို့ ဆေးဝါးများလှူဒါန်းခဲ့ကြောင်း မိုရိုနီသတင်းအရ သိရသည်။
အဆိုပါနေ့တွင် တရုတ်နိုင်ငံ အတွင်းပိုင်းဆေးကုသမှု (Internal Medicine)၊ ခွဲစိတ်ကုသမှု ၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ အရိုးအထူးကု၊ တရုတ်တိုင်းရင်းဆေးပညာ စသည့်ဌာနများမှ ဆေးအဖွဲ့ဝင် ၁၁ ဦးသည် ကုသိုလ်ဖြစ်ဆေးကုသရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ဒေသခံ ၃၀၀ ကျော်အား ဆေးစစ်ခြင်း၊ ဆေးကုသမှုဆိုင်ရာဆွေးနွေးပေးခြင်း၊ အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ခြင်း စသည့် အခမဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများပေးခဲ့ကြောင်း ဆေးအဖွဲ့ခေါင်းဆောင် ပေါင်းရိဟန်က ပြောကြားခဲ့သည်။ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ၎င်းဒေသရှိ ဆေးရုံများသို့လည်း နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ မီးယပ် စသည့် ရောဂါများနှင့် ဆက်စပ်သည့် ဆေးဝါးများကို လှူဒါန်းခဲ့ပြီး ဒေသန္တရကျန်းမာရေးဝန်ဆောင်မှုအခြေအနေများ မြှင့်တင်မှုကို အားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် နှစ်စဉ်နှစ်တိုင်းတွင် မိုဟယ်လီကျွန်း၌ အခမဲ့ ရောဂါရှာဖွေကုသခြင်းဝန်ဆောင်မှုများကို ပေးခဲ့ကြောင်း၊ ယင်းမှာ ကျွန်းပေါ်ရှိပြည်သူများအတွက် ဧရာမ သတင်းကောင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ဆွေးနွေးမှုတစ်ခုတွင် မိုဟယ်လီကျွန်းအုပ်ချုပ်ရေးမှူး Chamina Ben Mohamed က ပြောကြားခဲ့သည်။ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဆေးဘက်ဆိုင်ရာနယ်ပယ် ပြည့်စုံပြီး ကျွန်းပေါ်ရှိ ပြည်သူများ၏ ဆေးစစ်မှုနှင့်ပတ်သက်၍ လိုအပ်ချက်များကို ကောင်းမွန်စွာဖြည့်ဆည်းပေးပါကြောင်း ၎င်းက ချီးကျူးခဲ့သည်။
ကိုမိုရိုသည် အနောက်အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများ ခေတ်နောက်ကျလျက်ရှိသည်။ တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ အဆိုပါနိုင်ငံသို့ဆေးအဖွဲ့များ စေလွှတ်ခဲ့ပြီး ယခုအချိန်ထိဆိုလျှင် နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပြီးဖြစ်သည်။ ၁၆ သုတ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၁၁ ဦး ပါဝင်ပြီး ယခုနှစ် ဇွန် ၉ ရက်၌ ကိုမိုရိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………..
(Chinese Version)
58吨中国援助黎巴嫩医疗物资抵达贝鲁特
新华社贝鲁特10月21日电(记者王尚 谢昊)当地时间10月21日上午,中国援助的紧急人道主义医疗物资运抵黎巴嫩贝鲁特拉菲克·哈里里国际机场。
据中国驻黎巴嫩大使馆介绍,这批物资总重58吨,包含麻醉剂、一次性使用气管插管、手术衣等多项黎巴嫩急需的医疗物资。
中国国家国际发展合作署新闻发言人近日表示,应黎巴嫩政府请求,中国政府决定向黎巴嫩提供紧急人道主义医疗物资援助。(完)
图说 1:10月21日,在黎巴嫩贝鲁特拉菲克·哈里里国际机场,中国驻黎巴嫩大使钱敏坚(左)出席物资交接仪式。
图说 2:10月21日,在黎巴嫩贝鲁特拉菲克·哈里里国际机场,工作人员将医疗物资从飞机上卸下。