Asia
အမေရိကန် စသည့် ရန်ဘက်အင်အားစုများ၏ စစ်ရေးရန်စမှုကို မြောက်ကိုရီးယား ရှုတ်ချ

ဆိုးလ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ၎င်း၏အပေါင်းအပါအင်အားစုများက လတ်တလောကာလအတွင်း စစ်ရေးရန်စမှုကို မြောက်ကိုရီးယားအနေဖြင့် ရှုတ်ချကြောင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကျင့်သုံး၍ ထိုရန်စမှုများကို ဟန့်တားသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒရုံး အကြီးအကဲက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ထိုနေ့၌ ဖော်ပြခဲ့သည်။
နှစ်သစ်အစတွင် အမေရိကန် စသည့် နိုင်ငံများ၏ စစ်ရေးရန်စမှုလုပ်ရပ်များသည် ပိုမိုဆိုးရွားလာကာ မြောက်ကိုရီးယား၏ လုံခြုံရေးပတ်ဝန်းကျင်အပေါ် ပြင်းထန်သည့်စိန်ခေါ်မှုဖြစ်စေကြောင်း၊ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းအပေါ် လွန်စွာစိုးရိမ်ကြောင်း၊ မြောက်ကိုရီးယားဘက်က နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို တစ်ဆင့်တိုးမြှင့်တင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒရုံး အကြီးအကဲက ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
朝鲜谴责美国等敌对势力军事挑衅
新华社首尔1月17日电 据朝中社17日报道,朝鲜外务省对外政策室长当天发表谈话,谴责美国及其随从势力近期进行军事挑衅,并表示朝方将行使自卫权予以遏制。
谈话说,从新年伊始,美国等国的军事挑衅行为愈演愈烈,对朝鲜安全环境造成严重挑战。朝鲜外务省对此表示严重关切,朝方将进一步加大自卫权行使力度,以维护国家主权和安全利益。(完)