Africa & Middle East
အစ္စရေးနှင့် ဟားမက်စ် ဂါဇာအပစ်ရပ်ရေး၊ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ဂျေရုဆလမ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ ဂါဇာအပစ်ရပ်ရေး၊ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် လက်ရေးထိုးခဲ့ကြောင်း The Times of Israel ၏ ဇန်နဝါရီ ၁၇ ရက် သတင်းများအရ သိရသည်။
ညှိနှိုင်းမှုတွင် ပါဝင်သည့် အာရပ်နိုင်ငံအရာရှိတစ်ဦးက ယင်းသတင်းကို အတည်ပြုခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
အသေးစိတ်ဖော်ဆောင်မှုများကို အတည်ပြုရန်အတွက် ဂါဇာအပစ်ရပ်ရေး၊ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကြေညာပြီးနောက်မကြာမီ ဆွေးနွေးညှိနှိုင်းသည့် အဖွဲ့က အစည်းအဝေး ဆက်လက်ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ကွဲလွဲမှုအတိုင်းအတာတစ်ခုရှိခဲ့သော်လည်း နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆိုသည်။ (Xinhua)

ဂါဇာကမ်းမြောင် အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်အား ဒေသခံပြည်သူများ ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင် အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်း အပျက်အစီးများကြား မတ်တတ်ရပ်နေသည့် မိန်းကလေးတစ်ဦးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
以媒:以色列和哈马斯签署加沙停火换俘协议
新华社耶路撒冷1月17日电 据《以色列时报》17日报道,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)签署加沙停火换俘协议。
报道说,一名参与调解的阿拉伯国家官员向该报证实了这一消息。
该官员称,加沙停火换俘协议宣布达成后,谈判团队随后继续举行会议以敲定具体执行细节,双方一度产生分歧但最终得以解决。(完)
1. 1月3日,在加沙地带中部迈加齐难民营,当地民众查看被以军袭击毁坏的房屋。新华社发(里泽克·阿卜杜勒贾瓦德 摄)
2. 1月3日,在加沙地带中部迈加齐难民营,当地民众查看被以军袭击毁坏的房屋。新华社发(里泽克·阿卜杜勒贾瓦德 摄)
3. 1月3日,在加沙地带中部迈加齐难民营,一名女孩站在废墟中。新华社发(里泽克·阿卜杜勒贾瓦德 摄)