Connect with us

North America

ဂါဇာကို အစ္စရေးက အမေရိကန်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ထရမ့် ပြောကြား

အမေရိကန် သမ္မတ ထရမ့် (အလယ်)နှင့် အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုတို့ ဖေဖော်ဝါရီ ၄ ရက်က ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အဆုံးသတ်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အမေရိကန်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်ကလူမှုကွန်ရက်မီဒီယာတွင် ဖေဖော်ဝါရီ ၆ ရက်က ပြောကြားခဲ့သည်။
ထရမ့်သည် ယင်းနေ့က ၎င်းတည်ထောင်ထားသော “Truth Social” လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွင် ပို့စ်တင်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးတွင် ဒေသလုံခြုံရေး ကာကွယ်ထိန်းသိမ်းရန် “အမေရိကန် စစ်သည်များ မလိုအပ်” ဟု ၎င်းက ပြောကြားခဲ့ပေသေးသည်။

ထရမ့်က ၎င်းအနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို အမေရိကန် “လက်လွှဲယူ” ပြီး ဂါဇာကို “ရေရှည် ပိုင်ဆိုင်နိုင်ရန်” မျှော်လင့်ကြောင်း၊ လက်ရှိ ဂါဇာကမ်းမြောင်တွင် နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံသို့ ရွှေ့ပြောင်းနေရာချထားသင့်ကြောင်း အမေရိကန်သို့ လာရောက်လည်ပတ်သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဖေဖော်ဝါရီ ၄ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ထရမ့်က ဂါဇာကမ်းမြောင်တွင် အမေရိကန်စစ်တပ် ဖြန့်ကြက်သည့် ဖြစ်နိုင်ခြေကို ပယ်ရှား၍ မရကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းက ထိုထုတ်ဖော်ပြောကြားမှုမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး “လက်ခံ၍မရကြောင်း” အသီးသီး ပြစ်တင်ရှုတ်ချခဲ့ကြသည်။ (Xinhua)
……………………………
(Chinese Version)
特朗普称加沙将由以色列转交美国
新华社华盛顿2月6日电 美国总统特朗普6日在社交媒体上声称,巴以冲突结束后,加沙地带将由以色列转交给美国。
特朗普当天在他创办的社交媒体平台“真实社交”上发帖作出上述表态。他还声称,加沙地带重建过程中,“不需要美国士兵”维护地区安全。
特朗普4日与到访的以色列总理内塔尼亚胡举行联合记者会时说,他希望美国“接管”加沙地带,并“长期拥有”加沙,当前居住在加沙地带的巴勒斯坦人应该被迁往别国安置。特朗普同时表示,不排除向加沙地带部署美国军队。国际社会纷纷谴责该表态违反国际法,“不可接受”。(完)
1. 2月4日,美国总统特朗普(中)与到访的以色列总理内塔尼亚胡在华盛顿白宫举行会晤。 新华社记者 胡友松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.