Connect with us

China

ယူနန်ပြည်နယ်က စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးပစ္စည်း ၇.၃ တန် ပို့ဆောင်

တရုတ်နိုင်ငံ ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ထမ်းများက ကယ်ဆယ်ရေးပစ္စည်းများအား လေယာဉ်ပေါ်သို့ တင်နေပုံကို ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများအား အစွမ်းကုန် ထောက်ပံ့အားပေးရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် အင်္ကျီ၊ ဆေးဝါး၊ ခေါက်ဆွဲခြောက်၊ ရွက်ဖျင်တဲ စသည့် နေထိုင်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၇.၃ တန်ခန့် အရေးပေါ်ညှိနှိုင်းစုစည်း၍ စင်းလုံးငှားလေယာဉ်ဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများ သယ်ဆောင်ထားသည့် China Eastern Airline MU9003 လေယာဉ်သည် ပေကျင်း စံတော်ချိန် မတ် ၃၀ ရက် ၁၄ နာရီ ၁၀ မိနစ်ခန့်တွင် ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဆင်ပြေချောမွေ့စွာ စတင်ထွက်ခွာ၍ ပစ္စည်းများကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းထောက်က တွေ့ရှိခဲ့ရသည်။ (Xinhua)

—————-
(Chinese Version)
云南包机向缅甸运送7.3吨救援物资
新华社昆明3月30日电 30日下午,云南紧急调运衣服、药品、方便面、帐篷等生活及救援物资共约7.3吨,包机从云南昆明飞往缅甸仰光,全力支持缅甸地震救灾工作。
30日14时10分许,记者在昆明长水国际机场看到,这批物资搭乘东航MU9003航班顺利起飞,运往缅甸受灾地区。(完)
图说:3月30日,在昆明长水国际机场,工作人员往飞机上搬运救援物资。新华社发(彭奕凯 摄)