Europe
ဒိန်းမတ်က အမေရိကန်သံတမန်အား ဆင့်ခေါ်၍ “အမေရိကန်က ဂရင်းလန်းကျွန်းအပေါ် သူလျှိုလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း” ကိစ္စကို ဆွေးနွေးမည်

အော့စလို၊ မေ ၈ ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Løkke Rasmussen က မေ ၇ ရက်တွင် ၎င်းအနေဖြင့် ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်အား ဆင့်ခေါ်၍ အမေရိကန်က ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်းတွင် သူလျှိုနှင့် ထောက်လှမ်းရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် စီစဉ်ထားသည်ဟူသော အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်ပုဂ္ဂိုလ်နှစ်ဦး၏ ပြောကြားချက်အရ အမေရိကန်သည် ဂရင်းလန်းကျွန်းနှင့်ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းမှုလုပ်ငန်းအား မြှင့်တင်လုပ်ဆောင်လျက်ရှိကြောင်း၊ အမေရိကန် သူလျှိုအဖွဲ့အစည်းကို သမ္မတထရမ့်က အဆိုပါကျွန်းအား “လက်လွှဲရယူသည့်” လှုပ်ရှားမှုအတွင်း ထည့်သွင်းထားကြောင်း အမေရိကန် “The Wall Street Journal” က မေ ၆ ရက်တွင် သတင်းဖော်ပြထားသည်။
အဆိုပါသတင်းဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ၎င်းအနေဖြင့် များစွာပူပန်ပြီး အထူးဂရုပြုမိကြောင်း၊ အဘယ်ကြောင့်ဆိုသော် “မိတ်ဖက်များအကြားမှာ သူလျှိုလှုပ်ရှားမှု မလုပ်ဆောင်သင့်” ကြောင်း Lars Løkke Rasmussen က ဒိန်းမတ်ရေဒီယို (DR) ကို ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါသတင်းအကြောင်းအရာ၏ စစ်မှန်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း အမေရိကန်ဘက်က သက်ဆိုင်ရာသတင်းနှင့်စပ်လျဉ်း၍ အတိအလင်းငြင်းဆိုမှု မလုပ်သေးကြောင်း၊ ယင်းကြောင့် ၎င်း၏ပူပန်မှုကို တစ်ဆင့်တိုးစေကြောင်း၊ ထို့အတွက် ၎င်းသည် ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်အား ဆင့်ခေါ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒိန်းမတ်ရဲ့ ရင်းနှီးတဲ့မဟာမိတ်တစ်ဦးက ထောက်လှမ်းရေးလှုပ်ရှားမှု၊ ဩဇာလွှမ်းမိုးမှုတိုးချဲ့တဲ့နည်းနဲ့ ဒိန်းမတ်ဘုရင်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးဖို့၊ ယုတ်စွအဆုံး ဂရင်းလန်းကျွန်းကို လက်လွှဲရယူရန် စဉ်းစားနေတယ်ဆိုရင် ဒါကအရမ်းကိုဆိုးရွားပါတယ်”၊ အမေရိကန်၏ အဆိုပါကြိုးပမ်းမှုဟာ “ဘယ်လိုမှ အောင်မြင်နိုင်တဲ့ ဖြစ်နိုင်ခြေရှိတယ်” ဟု မယူဆကြောင်း Lars Løkke Rasmussen က ပြောကြားခဲ့သည်။
အမေရိကန်မီဒီယာ၏ အဆိုပါသတင်းဖော်ပြချက်ကလည်း ဂရင်းလန်းကျွန်း၌ ဆွေးနွေးမှုများ ဖြစ်စေခဲ့သည်။ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ လွှတ်တော် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒကော်မတီ ဥက္ကဋ္ဌ Pipaluk Lynge က DR တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ဂရင်းလန်းကျွန်း မြို့တော် Nuuk အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်ပစ်ရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီး အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။
အမေရိကန်သည် လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အဓိက စစ်တပ်အခြေစိုက်စခန်း တစ်ခုရှိသည်။ ယမန်နှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲပြီးနောက် အမေရိကန် သမ္မတ ထရမ့်သည် ဂရင်းလန်းကျွန်း ထိန်းချုပ်ခွင့်အား ရယူလိုသည့် ပြင်းပြသောဆန္ဒကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် “စစ်ရေး သို့မဟုတ် စီးပွားရေးအရ အကျပ်ကိုင်မှု” နည်းလမ်းဖြင့် အဆိုပါကျွန်း၏ ထိန်းချုပ်ခွင့်အား ရယူမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
丹麦拟召见美外交官讨论“美加强对格陵兰岛间谍活动”一事
新华社奥斯陆5月7日电(记者张玉亮)哥本哈根消息:丹麦外交大臣拉斯穆森7日表示,将召见美国驻丹麦使馆负责人,讨论美国媒体有关美方计划在丹麦自治领地格陵兰岛加强间谍和情报活动的报道。
美国《华尔街日报》6日报道说,据两名知情人士透露,美国正在加强有关格陵兰岛的情报收集工作,将美国特工机构纳入总统特朗普“接管”该岛的行动中。
拉斯穆森向丹麦广播公司表示,阅读该报道后,他感到非常担忧和严重关切,因为“盟友之间不应该进行间谍活动”。他说,目前无法确认报道内容的真实性,但美方也未对相关报道作出有力否认,这进一步加剧了他的担忧。因此,他将召见美国驻丹麦使馆负责人。
“如果一个丹麦的亲密盟友在考虑通过情报活动和施加影响的方式,试图破坏丹麦王国的团结,甚至接管格陵兰岛,这是非常严重的。”拉斯穆森说,他不认为美方这一企图“有任何成功的可能”。
美国媒体这一报道在格陵兰岛也引发讨论。格陵兰岛自治议会外交与安全政策委员会主席皮帕卢克·灵厄接受丹麦广播公司采访时说,应考虑是否关闭美国驻格陵兰岛首府努克的领事馆。
格陵兰岛位于北美洲东北部,是世界第一大岛。该岛是丹麦的自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛有一个军事基地。去年美国总统选举后,特朗普屡次表达夺取格陵兰岛控制权的强烈意愿,还称不会排除通过“军事或经济胁迫”手段夺取该岛控制权的可能性。(完)
图说:这是3月19日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者 赵丁喆 摄