Connect with us

မြန်မာ-中文

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၆.၈ အဆင့်ရှိသော ငလျင် လှုပ်ခတ်

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ မြောက်မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပြင်းအား ၆.၈ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရရှိမှုနှင့်နစ်နာဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့်ဘူမိရူပဗေဒအေဂျင်စီဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်များအရ ငလျင်သည် ဖေဖော်ဝါရီ ၂၄ ရက် ဂျကာတာစံတော်ချိန် ၃ နာရီ ၂ မိနစ်က မြောက်မာလူကူပြည်နယ် Morotai ကျွန်း အနောက်မြောက်ဘက် ၁၃၃ ကီလိုမီတာရှိ ပင်လယ်ပြင်တွင် ငလျင်အနက် ၁၁၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုငလျင်နှင့်စပ်လျဉ်း၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရှိသည်။

အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS)၏ ငလျင်အချက်အလက်ထုတ်ပြန်ရေးဝက်ဘ်ဆိုက် သတင်းများအရမူ ယခုအကြိမ်ငလျင်သည် ပြင်းအား ၆.၃ အဆင့်ရှိပြီး ငလျင်အနက် ၉၇ ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
印尼北马鲁古省附近海域发生6.8级地震
新华社雅加达2月24日电印度尼西亚东部北马鲁古省附近海域24日凌晨发生6.8级地震,目前尚无人员伤亡和财产损失报告。
据印尼气象、气候和地球物理局网站消息,地震发生于雅加达时间24日3时2分(北京时间4时2分),震中位于北马鲁古省莫罗泰岛西北133公里处海域,震源深度112公里。该局未就此次地震发布海啸预警。
另据美国地质调查局地震信息网消息,本次地震的震级为6.3级,震源深度97公里。