Connect with us

Media

တရုတ်အစိုးရက မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအား ကူညီပံ့ပိုးပေးသည့် ရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့ မန္တလေး၌ ဓာတ်ခွဲခန်း တည်ဆောက်ပြီးစီး

ကူမင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်အစိုးရက မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအား ကူညီပံ့ပိုးပေးသည့် ရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့သည် ဧပြီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံမန္တလေးမြို့ရှိ စာသင်ကျောင်း ၁ ကျောင်းတွင် ဓါတ်ခွဲခန်းတည်ဆောက်မှု ပြီးစီးခဲ့ပါသည်။ အဆိုပါ ဓာတ်ခွဲခန်းသည် ပိုမိုပြည့်စုံသော စမ်းသပ်စစ်ဆေးမှုစွမ်းရည်ရှိပြီးသောက်သုံးရေ၊ အစားအစာ၊ ကူးစက်ရောဂါဖြစ်ပွားမှု စသည့် စစ်ဆေးမှု စီမံကိန်း ၈၀ ကျော်ကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါသည်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ အစရှိသည့် လျှပ်တစ်ပြက် စမ်းသပ်စစ်ဆေးနိုင်သည့် Test kits များကိုလည်း အထူးတပ်ဆင်ထားပြီး အချို့စစ်ဆေးမှုများသည် ရလဒ်ထွက်ရန် ၁၅ မိနစ်မှ မိနစ် ၃၀ အထိသာကြာမြင့်ပါသည်။
အဖွဲ့ဝင် ၅၀ ဦး ပါဝင်သော တရုတ် ကျန်းမာရေးနှင့် ရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့သည်ဧပြီလ ၁၉ ရက်က ယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ရောက်ရှိလာရာ ဒုတိယနေ့တွင် ရန်ကုန်မြို့မှ ကားဖြင့် ငလျင်ဒဏ်အပြင်းအထန်ဒဏ်ခံစားရသော မန္တလေးမြို့သို့ ရောက်ရှိခဲ့ပါသည်။ (Xinhua)
………………………….
(Chinese Version)
中国政府援缅卫生防疫队在缅完成实验室搭建AI VIDEO
中国政府援缅卫生防疫队4月21日在缅甸曼德勒一群学校完成实验室搭建。该实验室具备比较全面的检测能力,可以实施饮用水、食物、传染病病原等80多个检测项目。还特别配备霍乱、鼠疫等快测检测试剂盒,部分项目只需要15到30分钟即可出结果。
中国政府援缅卫生防疫队一行50人于4月19日从云南昆明飞往缅甸,次日从仰光乘车抵达受灾严重的曼德勒。