Connect with us

မြန်မာ-ENG

ထိုင်းနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၆ ဦး သေဆုံး ၊ ၂ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ Samut Prakan ပြည်နယ်၌ ဩဂုတ် ၂၉ ရက်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်အတွင်း လှေဖြင့် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် အပူပိုင်းမုန်တိုင်း Dianmu ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူ ၆ ဦးထက်မနည်း သေဆုံးပြီး အခြားသူ နှစ်ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ အလယ်ပိုင်း ၊ မြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၃၀ ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၇၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရေကြီးမှုအခြေအနေသည် ပြည်နယ် ၇ ခုတွင် ပြန်လည်ကျဆင်းသွားခဲ့သော်လည်း အခြား ပြည်နယ် ၂၃ ခု၌ ဆိုးဝါးနေဆဲဖြစ်ကြောင်း DDPM က ဆိုသည်။
ရာသီဥတုခန့်မှန်းချက်အရ လာမည့်သုံးရက်အတွင်း နိုင်ငံ မြောက်ပိုင်း ၊ အလယ်ပိုင်း နှင့် အရှေ့မြောက်ပိုင်းတို့၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမည်ဟု ခန့်မှန်းထားသည်။

သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM)က အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း နှင့် မြေပြိုခြင်း သို့မဟုတ် အခြားဘေးအန္တရာယ်များ ကျရောက်လာနိုင်ခြေအား ကာကွယ်ရန် ဒေသတွင်းတာဝန်ရှိသူများအား တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
6 killed, 2 missing in flooding in Thailand
BANGKOK, Sept. 28 (Xinhua) — Flooding triggered by tropical storm Dianmu has affected nearly half of Thailand’s provinces, leaving at least six people dead and two others missing, the country’s disaster control authorities said Tuesday.
Downpours have led to flooding in 30 provinces in central, northern and northeastern Thailand, affecting more than 70,000 households, the Department of Disaster Prevention and Mitigation (DDPM) said in a statement.
The flooding situation in seven provinces has improved, but remained severe in the other 23 provinces, the DDPM said.
It said according to weather forecast, heavy rainfall is expected to continue to hit the country’s northern, central and northeastern regions in the coming three days.
The DDPM said it will continue to monitor the situation, and urged local authorities to guard against possible landslides or other disasters. Enditem
Photo – People are seen on a boat at a flooded area in Samut Prakan province, Thailand, on Aug. 29, 2021. Heavy rains caused floods in Samut Prakan province on Sunday. (Xinhua/Rachen Sageamsak)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.