Africa & Middle East
တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် ပြည်သူ့ကျန်းမာရေးအကြား သိမ်မွေ့စွာ ချိန်ညှိလုပ်ဆောင်လျက်ရှိဟု ကျွမ်းကျင်သူပြော


တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ချောင်ယန်ခရိုင်၌ နံနက်ပိုင်းအလုပ်ချိန်အတွင်း ကျန့်ကော်လမ်းမပေါ်၌ မော်တော်ယာဉ်များ ပြေးဆွဲနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အန်ကာရာအခြေစိုက် အာရှ-ပစိဖိတ်လေ့လာရေး တူရကီစင်တာမှ ညွှန်ကြားရေးမှူး Selcuk Colakoglu က တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်မှုများအပေါ် ချီးကျူးလျက် တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုကို တွန်းအားပေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို သိမ်မွေ့သောချိန်ညှိမှု မူဝါဒကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မကြာသေးမီက ကိုဗစ်-၁၉ မူဝါဒများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော် ခရီးသွားလာခြင်းနှင့် နိုင်ငံတကာ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆင်ပြေချောမွေ့စေခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
Expert says China pursues delicate balance between economic activities, public health
China has been pursuing a policy of delicate balance fostering economic activity and maintaining public health, said a prominent Turkish expert, Selcuk Colakoglu, director of the Ankara-based Turkish Center for Asia-Pacific Studies, hailing China’s optimization of COVID-19 response.
China has recently refined its COVID-19 policies and facilitated cross-border travel of Chinese and foreign nationals and international exchange and cooperation.
Photo 1: Chinese passengers arrive at the Suvarnabhumi Airport in Samut Prakan, Thailand, Jan. 9, 2023.(Xinhua/Rachen Sageamsak)
Photo 2: Vehicles run on Jianguo Road during morning peak hours in Chaoyang District of Beijing, capital of China, Jan. 3, 2023. (Xinhua/Ju Huanzong)