Connect with us

Africa & Middle East

ကင်ညာတွင် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံး

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ရေကြီးမှုအတွင်း ရေနစ်မြုပ်နေသော ကားကို ဆွဲထုတ်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မေ ၃ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံးခဲ့ရကြောင်း ယင်းနိုင်ငံအစိုးရက မေလ ၂ ရက်၌ ထုတ်ပြန်သည်။
မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်ခြင်းတို့သည် နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ၂၈ ခုတွင် လက်ရှိဖြစ်ပွားနေပြီး လူပေါင်း ၂၀၀,၀၀၀ နီးပါးမှာ သဘာဝဘေးဒဏ်သင့်လျက်ရှိကြောင်း ပြည်ထဲရေးနှင့် အမျိုးသားမံအုပ်ချုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း လူ ၁၂၅ ဦး ဒဏ်ရာရရှိထားပြီး လောလောဆယ်တွင် လူ ၉၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း၊ သဘာဝဘေးကြောင့် လူနေအိမ် ၃၃,၁၀၀ လုံးနှင့် စာသင်ကျောင်း ၁,၉၆၇ ကျောင်းထိခိုက်ခဲ့ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးမှုဖြစ်ပွားရာ ဒေသများကို ရှောင်ရှား၍ ကုန်းမြင့်ဒေသများတွင်သာ နေထိုင်ကြရန် အကူအညီပေးရေးအဖွဲ့ အစည်းများက တိုက်တွန်းထားသည်။ နိုင်ငံအတွင်းရှိ အခြားဒေသများ၌ လာမည့်ရက်ပိုင်းအတွင်း မိုးများဆက်လက်သည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
နိုင်ငံအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် အစိုးရက အမျိုးသားလူငယ်ကယ်ဆယ်ရေးအဖွဲ့ကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Death toll from flooding in Kenya rises to nearly 190

NAIROBI, May 2 (Xinhua) — At least 188 people have been killed by flooding and landslides caused by heavy rains in Kenya, the government said on Thursday.
According to the Ministry of Interior and National Administration, downpours and thunderstorms in over 28 of the country’s 47 counties have resulted in widespread displacement, affecting 196,290 people from 33,100 households.
“A total of 125 people have been reported injured, 90 people are currently missing, and an estimated 165,500 others were affected by the heavy floods, which touched a total of 33,100 households and 1,967 schools,” the ministry said in a statement issued in Nairobi, the capital of Kenya.
Kenyan officials and humanitarian agencies have called on the population to avoid flooded areas, move to higher ground and avoid driving when it rains heavily.
The weatherman has predicted that rainfall is expected to continue over parts of the country, with several counties expected to receive heavy rainfall in the coming days.
The government said it has scaled up measures to mitigate the aftermath caused by the ongoing enhanced rains and floods, dispatching military personnel to help with search and rescue operations.■

People pull a car submerged in flood water in Nairobi, capital of Kenya, on May 1, 2024.(Photo by Joy Nabukewa/Xinhua)