Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိကာ ကလေးငယ်နှစ်သန်း ဘေးသင့်ဖွယ်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူမီလာခရိုင်ရှိ ဗွက်ထနေသည့် လမ်းတစ်လျှောက်၌ လူများ ခဲရာခဲဆစ်သွားလာနေပုံကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၃ ရက်တွင် ဝေဟင်မှရိုက်ယူထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိရာ ကလေးငယ် နှစ်သန်းကျော် ဘေးသင့်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေးခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းတွင် နှစ်ပေါင်း ၃၄ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်သည့် အဆိုပါ ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၅.၆ သန်းအား ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ယူနီဆက်ဖ် (UNICEF) ၏ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအရှေ့တောင်ပိုင်းရှိ အဓိကမြစ်ကြီးများတွင် မကြုံဖူးလောက်သည့် မုတ်သုံမိုးရွာသွန်းမှုများကြောင့် မြစ်ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ ထို့အတွက်ကြောင့် လူ ၅၂ ဦးကျော် သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။

မြစ်ရေလျှံမှုကြောင့် ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် ချက်တိုဂရမ်နှင့် ဆီလ်ဟက် ဒေသများရှိ နေအိမ်များ၊ လမ်းများနှင့် စိုက်ခင်းများ ရေမြုပ်ခဲ့ပြီးနောက် လူ ၅၀၀,၀၀၀ ကျော်သည် ယာယီနေထိုင်စရာ နေရာများကို ရှာဖွေရလျက်ရှိသည်။

သန်းနှင့်ချီသည့် ကလေးငယ်များနှင့် မိသားစုများသည် အစားအစာနှင့် အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့များမရှိဘဲ အားကိုးရာမဲ့ဖြစ်နေကာ အစိုးရဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အချို့နေရာများသို့ သွားရောက်နိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။ မုတ်သုံရာသီ ဆက်ရှိနေခြင်းကြောင့်လည်း လာမည့်ရက်ပိုင်းအတွင်း နောက်ထပ်ထိခိုက်ခံစားရသူများ ရှိလာနိုင်ကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းက နေရာဒေသတွေမှာ အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ ရေလွှမ်းမိုးမှုတွေက ပြင်းထန်မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ကလေးငယ်တွေအပေါ် ကျရောက်နေတဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းရဲ့ အဆက်မပြတ် သက်ရောက်မှုတွေအတွက် ဝမ်းနည်းစရာ သတိပေးချက်ဖြစ်ပါတယ်။ ကလေးငယ်ပေါင်းများစွာဟာ သူတို့ချစ်ခင်ရတဲ့သူတွေ၊ သူတို့ရဲ့နေအိမ်တွေ၊ စာသင်ကျောင်းတွေကို ဆုံးရှုံးခဲ့ရပြီး အခုဆိုရင် လုံးဝကို ခိုကိုးရာမဲ့ဖြစ်နေပါပြီ” ဟု ယူနီဆက်ဖ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ် အမ်မာ ဘရစ်ဂမ်က ပြောကြားခဲ့သည်။
“ယူနီဆက်ဖ်ဟာ ရေသန့်စင် ဆေးပြားတွေ၊ ဓာတ်ဆားတွေနဲ့ တခြား မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေကို အရေးတကြီး စီစဉ်ပေးနေပေမဲ့ အဲဒီကလေးငယ်တွေပါ လက်လှမ်းမီနိုင်ဖို့နဲ့ သူတို့ရဲ့အနာဂတ်အပေါ် အလွန်ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့ ရန်ပုံငွေတွေ ထပ်မံလိုအပ်နေတယ်” ဟု ယူနီဆက်ဖ်၏ လက်ထောက်ဌာနေကိုယ်စားလှယ်က ဆိုသည်။
မေလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း ရီမယ် ဝင်ရောက်တိုက်ခတ်မှုတို့ ဖြစ်ပွားခဲ့ပြီး မရှေးမနှောင်းတွင် လတ်တလော ရေလွှမ်းမိုးမှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား သက်ရောက်မှုဖြစ်စေသည့် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် အခြား ပြင်းထန်ရာသီဉတု ဖြစ်စဉ်များ ဖြစ်ပွားသည့် အကြိမ်ရေ၊ ပြင်းထန်မှုနှင့် ခန့်မှန်းရခက်သော အခြေအနေတို့ကို မြင့်တက်စေကာ ရာသီဥတု အကျပ်အတည်းသည် အခြေခံအားဖြင့် ကလေးငယ်များ၏ အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း ယူနီဆက်ဖ်၏ အဆိုအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကလေးငယ်များသည် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ကမ္ဘာပေါ်တွင် ထိခိုက်အလွယ်ဆုံး ဖြစ်နေကြောင်း ယူနီဆက်ဖ်၏ ကလေးငယ်များဆိုင်ရာ ရာသီဥတုအန္တရာယ် အညွှန်းကိန်းအရ သိရသည်။ (Reposted from Xinhua)

———————————
(English Version)
2 mln children at risk as worst floods in decades lash through eastern Bangladesh
DHAKA, Aug. 30 (Xinhua) — Over 2 million children in eastern Bangladesh are at risk as floods sweep through homes, schools and villages, the United Nations Children’s Fund (UNICEF) has warned.
In all, these floods, the worst in eastern Bangladesh in 34 years, have affected 5.6 million people, UNICEF said here in a statement Friday.
Major rivers in the southeast are overflowing due to unprecedented monsoon rains. As a result, more than 52 people have been reported dead.
Over 500,000 people are seeking shelter, after rising waters from swollen rivers submerged homes, streets and fields in Chattogram and Sylhet areas.
Millions of children and families are stranded without food and emergency relief supplies. Government personnel and volunteers are conducting rescue operations, though access remains difficult in some areas. In the coming days, more people will be affected as the monsoon season continues.
“The devastating floods in the eastern parts of Bangladesh are a tragic reminder of the relentless impact of extreme weather events and the climate crisis on children. Far too many children have lost loved ones, their homes, schools, and now are completely destitute,” said Emma Brigham, Deputy Representative of UNICEF Bangladesh.
“UNICEF is on the frontlines providing water purification tablets, oral rehydration salts and other essential supplies, but more funds are needed to reach these children and prevent an even more devastating impact on their futures,” the deputy representative added.

The recent floods came close on the heels of the floods in north Bangladesh and Cyclone Remal in May. Jointly, the three emergencies have impacted over 13 million people across Bangladesh, including 5 million children, according to the statement.
Climate change increases the frequency, severity and unpredictability of cyclones, floods and other extreme weather events affecting Bangladesh, underscoring that the climate crisis is fundamentally a child rights crisis, according to the UNICEF.
According to the UNICEF Children’s Climate Risk Index, children in Bangladesh are the most exposed in the world to climate and environmental hazards. Enditem
English Caption
An aerial drone photo taken on Aug. 23, 2024 shows people trudging along a waterlogged track in Cumilla, Bangladesh.(Xinhua)