Connect with us

Sino-Myanmar

မြန်မာနိုင်ငံ လူငယ်ဘတ်စကက်ဘောသမားများက တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် အတွေ့အကြုံများ မျှဝေ

တရုတ်နိုင်ငံတွင် ကျင်းပသော နိုင်ငံတကာပြိုင်ပွဲ၌ အသက် ၁၈ နှစ်အောက် အားကစားသမား လေးဦးပါဝင်သော ငွေတံဆိပ်ဆုရ မြန်မာဘတ်စကက်ဘောအသင်းကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဘတ်စကက်‌ဘောအဖွဲ့ချုပ်)

ရန်ကုန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ လူငယ်ဘတ်စကက်ဘောအားကစားသမားများသည် တရုတ်နိုင်ငံတွင် ကျင်းပသော နိုင်ငံတကာပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်သာမက တရုတ်ယဉ်ကျေးမှု ဗဟုသုတနှင့် အသိအမြင်များလည်းပဲ ရရှိခဲ့ကြောင်း သိရသည်။
အသက် ၁၈ နှစ်အောက် အားကစားသမား လေးဦးပါဝင်သော မြန်မာဘတ်စကက်ဘောအသင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) – တရုတ် လူငယ်ဘတ်စကက်ဘောပြိုင်ပွဲနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။
အသက် ၁၇ နှစ်အရွယ် အသင်းခေါင်းဆောင် မောင်ပြည့်စုံက ၎င်းတို့အသင်းအနေဖြင့် ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် တရုတ် စသည့်နိုင်ငံများမှ အသင်းများနှင့် ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၉ ပွဲ အနိုင်ရရှိခဲ့သည်။ “ဒီပြိုင်ပွဲက ကျွန်တော်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲဖြစ်ပါတယ်။ အပေါင်းအသင်းအသစ်တွေလည်း ရခဲ့ပါတယ်” ဟု မောင်ပြည့်စုံက ဆိုသည်။
“ကျွန်တော်တို့ တစ်ယောက်ချင်းဆီက အများကြီးလေ့လာခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ အဆောက်အအုံတွေက တော်တော်လေးကောင်းတယ်။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ထားပြီးတော့ စားသောက်ရတာလည်း အဆင်ပြေပြီး ကျွန်တော်တို့ကို ဂရုစိုက်ပါတယ်” ဟု မောင်ပြည့်စုံက ၎င်း၏အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။
နောက်ထပ်အားကစားသမားတစ်ဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်ထက်ပိုင်ကလည်း “အစပိုင်းကစားတုန်းကတော့ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ အကောင်းဆုံး အာရုံစိုက်ပြီး ကစားခဲ့ကြပါတယ်။ အတွေ့အကြုံကောင်းတစ်ခုကို ရရှိခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းတို့ကို ယူနန်ပြည်နယ် မြို့တော် ကူမင်းအနီးဝန်းကျင်သို့ သွားရောက်လည်ပတ်ခဲ့သလို အလယ်တန်းကျောင်းတစ်ကျောင်းသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့သော မောင်စိုင်းအောင်အောင်က “တရုတ်အားကစားသမားတွေနဲ့ ကစားတဲ့အခါ သူတို့က အရမ်းမြန်တယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုက အံ့ဩစရာကောင်းတယ်” ဟု ပြောခဲ့သည်။
ဘတ်စကက်ဘောပြိုင်ပွဲနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဘတ်စကက်ဘောအသင်း ၁၃ သင်းမှ ကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၅၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း အာဆီယံ-တရုတ်စင်တာထံမှ သိရသည်။
“ဒီခရီးက အရမ်းပဲအတွေ့အကြုံရရှိပါတယ်။ ဒီပြိုင်ပွဲကို ကျွန်တော်အမြဲအမှတ်ရနေမှာပါ” ဟု မောင်စိုင်းအောင်အောင်က ပြောခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Myanmar’s teen basketball players share experiences from China visit
YANGON, Aug. 7 (Xinhua) — Young basketball players from Myanmar not only bagged a silver medal in China during an international tournament, but also gained knowledge and understanding about Chinese culture.
The team, consisting of four athletes under 18, participated in the Association of Southeast Asian Nations (ASEAN)-China youth basketball tournament and cultural exchange activities in southwest China’s Yunnan Province from July 15 to 20.
Pyae Sone, 17, the team captain, said on Tuesday that they played 11 matches against teams from Thailand, the Philippines, Malaysia, and China, winning nine. “It was my first international match,” he said. “We also made new friends.”
Recalling the visit he said: “we learned a lot from each other. The facilities in China were excellent, and they took good care of us with proper accommodation and food.”
“I was very excited and a bit nervous. But once the games started, I just focused on playing my best. We played our hearts out, and it was a great experience,” said another 17-year-old player Htet Paing, who added that they also traveled around Kunming, Yunnan’s capital, where they visited a secondary school.
Sai Aung Aung was awarded the best player in the tournament. “China’s players are very fast. China’s development is impressive,” said the teen.
According to the ASEAN-China Center, the basketball event and cultural exchange activities were aimed to promote friendship, cooperation, and development, which attracted over 500 participants, including representatives from ASEAN member states and 13 basketball teams.
“This trip has been a great experience. I will always remember it,” said Sai Aung Aung.